12.10.2016 ထွက် Clash of Clans Update
=================================
12.10.2016 ရက်နေ့ကမှ Update ပေးလာတဲ့ Clash Of Clans apk
လေးပါ. အောက်က လင့် မှ Download ဆွဲပီး ရယူနိုင်ပါပြီ
Thursday, October 13, 2016
Wednesday, October 5, 2016
အစိုးရကို အကျပ်ရိုက်အောင် မလုပ်ဖို့ ပါတီဝင် အမတ်တွေကို NLD ညွှန်ကြား
=========================================
=========================================
အာဏာရ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်နေသည့် အစိုးရအဖွဲ့ကို အကျပ်ရိုက်စေမည့်
မေးခွန်းများ မေးမြန်းခြင်း၊ အပြုအမှုများ လုပ်ဆောင်ခြင်း၊ အများပြည်သူနှင့်
ဆက်ဆံရာတွင် ပါတီ၏ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးတို့ကို ဦးတည် ဆောင်ရွက်ရန်
ပါတီထိပ်ပိုင်း ခေါင်းဆောင်များက ညွှန်ကြားခဲ့သည်ဟု သိရသည်။
ယမန်နေ့ ညနေပိုင်းက လွှတ်တော်ဝင်းရှိ
ဇမ္ဗူသီရိခန်းမတွင် ပြုလုပ်ခဲ့သည့် NLD ပါတီခေါင်းဆောင်များနှင့် NLD လွှတ်တော်
ကိုယ်စားလှယ် တွေ့ဆုံပွဲတွင် ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်၊ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်ဟု
ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
“ကိုယ်စားလှယ်တွေ အနေနဲ့ မေးခွန်းတွေ
မေးတဲ့အခါမှာ အစိုးရကို ထိခိုက်နိုင်တဲ့ မေးခွန်းတွေကို ရှောင်ဖို့ ပြောတယ်။
အစိုးရက ကိုယ့် အစိုးရ ဖြစ်နေတယ်လေ။ ခေါင်းဆောင်တွေက အစိုးရကို
ထိုးနှက်တဲ့စကားမျိုးတွေ မပြောစေချင်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသား
လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ အမျိုးသမီးအမတ်တဦးက ပြောသည်။
မကြာသေးမီ ကာလအတွင်းက
ပြည်သူ့လွှတ်တော်တွင် NLD ပါတီမှ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က
စိုက်ပျိုးရေး ဘဏ် ချေးငွေကိစ္စ အစိုးရကို မေးခွန်းထုတ်ရာတွင် အချက်ကျကျ
ထောက်ပြနိုင်ခဲ့သဖြင့် ပြန်လည် ဖြေကြားရမည့် NLD ပါတီ ၀န်ကြီး
အကျပ်ရိုက်ခဲ့ရခြင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုတယ်တခုသို့ သွားရောက်ရာမှ ပြဿနာ
ဖြစ်ပွားခဲ့သည့် NLD မှ လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်း ကိစ္စတို့ကြောင့်
ယခုတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကိုယ်စားလှယ်များက ပြောသည်။
NLD အစိုးရကို NLD လွှတ်တော်က Check
and Balance လုပ်နိုင်ရန်မှာ ၂၀၂၀ ကျော်သည်အထိ ဖြစ်နိုင်မည်ဟု မထင်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးမှ အမည်မဖော်လိုသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက
ပြောသည်။
“မင်္ဂလာဒုံအမတ် ကိုအောင်နိုင်ဝင်း
ထောက်ပြတဲ့ ကိစ္စက မှန်တယ်။ သူကတော့ ပြောမှာပဲ။ ခက်တာက အစိုးရက ကိုယ့်အစိုးရ
ဖြစ်နေတယ်။ ကိုယ်တွေက အတိုက်အခံ ပွဲသိမ်းတာပေါ့။ ဒါပေမယ့် ကိုယ်အစိုးရဆိုတော့ သိက္ခာကျသွားတာပေါ့”
ဟု ၄င်းက ပြောသည်။
NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ
ဦးဝင်းထိန်ကမူ ယခု တွေ့ဆုံမှုမှာ အထွေအထူး မရှိကြောင်း၊ မတွေ့ဆုံသည်မှာ
ကြာပြီဖြစ်သဖြင့် တွေ့ဆုံခြင်း ဖြစ်ပြီး ကိုယ်စားလှယ်များ၏ ရည်မှန်းချက်
မပျောက်စေရန် လမ်းညွှန်ခြင်း၊ ၄င်းတို့၏ အခက်အခဲများကို မေးမြန်းခဲ့ခြင်းတို့
ပြုလုပ်ခဲ့သည်ဟု တွေ့ဆုံပွဲ အပြီး မီဒီယာများသို့ ပြောသည်။
ဦးဝင်းထိန်က “အဓိကကတော့ လစဉ်လုပ်တဲ့
လမ်းကြောင်း ညှိရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် လုပ်ငန်းတွေကလည်း
ပီပီပြင်ပြင် ဖြစ်နေပြီ။ အုပ်ချုပ်ရေးကလည် ပီပီပြင်ပြင် ဖြစ်နေပြီ။ ပြည်သူလူထုရဲ့
မျှော်မှန်းချက်တွေကို ထိရောက်ဖို့အတွက် အစိုးက လုပ်နေတာကို လွှတ်တော်ကဏ္ဍကနေ
တတ်နိုင်သမျှ ပံပိုးကူညီဖို့ ပြောတာပါ” ဟု ပြောသည်။
လွှတ်တော်တွင် အဆိုများ၊ မေးခွန်းများ
မေးမြန်းရာတွင်လည်း ပြည်သူ့လွှတ်တော်တွင် မေးမြန်း ဆွေးနွေးခွင့် ရချိန်နှင့်
အမျိုးသား လွှတ်တော်တွင် မေးမြန်း ဆွေးနွေးခွင့်ရချိန် မတူညီသည့်အပေါ်
ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့ကြသည်ဟု သိရသည်။
“မေးခွန်းဆိုရင် ပြည်သူ့လွှတ်တော်မှာ ၅
မိနစ်ရပေမယ့် အမျိုးသား လွှတ်တော်မှာ ၃ မိနစ်ပဲ ရတယ်။ အဆိုတင်ရင်လည်း ပြည်သူ့မှာ ၁၀
မိနစ်ပေးပေမယ့် အမျိုးသားမှာက ၆ မိနစ်ပဲ ပေးတယ်။ အဲဒါကို အမတ်တွေက မကြေလည်ဘူး။
လွှတ်တော် ဥက္ကဋ္ဌတွေကတော့ အချိန် ပြန်ညှိပေးမယ်လို့ ပြောသွားတယ်” ဟု ရခိုင်ပြည်နယ်မှ
လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
ယင်းတွေ့ဆုံပွဲတွင် ဦးဝင်းထိန်က
ရှမ်းပြည်နယ် NLD ပါတီဝင်တချို့ နုတ်ထွက်သွားရသည့် ကိစ္စကိုလည်း ရှင်းပြခဲ့သည်ဟုလည်း
သိရသည်။
ရခိုင်ပြည်နယ်မှ လွှတ်တော်
ကိုယ်စားလှယ်တဦးကလည်း “ရှမ်းပြည်ကိစ္စက ပါတီ CEC ကို ဝေဖန်လို့ ထုတ်တာ မဟုတ်ဘူး။
ရွေးကောက် ပွဲကာလ ကတည်းက ပါတီရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက်
ထုတ်တာလို့ ဦးဝင်းထိန်က ပြောတယ်။ ပြောချင်တာ ကတော့ ရွေးကောက်ပွဲမှာ မဲမဆွယ်ဘဲနဲ့
သူတို့လုပ်ချင်ရာကို လုပ်နေလို့ ထုတ်လိုက်တဲ့ သဘောပဲ” ဟု ဧရာဝတီသို့ ပြောသည်။
လိုအပ်ချက်လေးတွေ ဖြည့်ဖို့
ချိန်ခွင်လျှာ ညှိတာပေါ့။ မလုပ်ဖြစ်တာလည်း ကြာပြီ။ သွားတဲ့လမ်းကြောင်းနဲ့
ရပ်တည်ချက်အတိုင်းပဲ မေးခွန်း ထုတ်တာ၊ အဖြေထုတ်တာ အထဲက ပြောတာဆိုတာတွေ အားလုံး
ရည်မှန်းချက် မပျောက်အောင်ပေါ့။ မေးခွန်းတွေ မေးဆိုတော့ ငြိမ်းချမ်းရေး ပွဲတော်ကို
မဲနှိုက်တဲ့ကိစ္စကအစ ပြောနေတယ်။
ရွှေပြည်သာမြို့နယ်တွင် မိုတယ်တခုသို့
သွားရောက်ရာမှ ပြဿနာ ဖြစ်ပွားခဲ့သည့် NLD မှ လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်း
ကိစ္စနှင့် ပတ်သက်၍ ဦးဝင်းထိန်က “ရွှေပြည်သာကိစ္စကတော့ တရားဥပဒေအတိုင်းပဲ လုပ်မှာ။
ဘာမှဝင်စွက်စရာ အကြောင်းမရှိဘူး”ဟု ပြောသည်။
Credit to ဧရာဝတီ
Posted By : အိုင်တီ
Monday, October 3, 2016
တစ်ကယ်လို့များ ဂျပန်မှာနေတဲ့ အမျိုးတစ်ယောက်က Alphard 2005 2.4 ကားတစ်စီး လက်ဆောင် ပေးခဲ့သည်ရှိသော်
Custom Duty ကြေးဆောင်ရမှာက41သိန်း
ကညနအခွန်က ၃၅.၅သိန်းကျော်
စလစ် က ၁၀၅ သိန်း
Total - 180သိန်း လောက် ကုန် တယ်။သိန်း၁၈၀ ဆိုတာ သဘောင်္ခ ကျန်သေးတယ်။ထည့်မတွက်ထားဘူး။ ကားထုတ်တဲ့companyတောင် မြန်မာပြည်လောက်မမြတ်ဘူး။။ သူများနိုင်ငံက ၁၀သိန်းလောက်ကားကို သိန်း၂၄၀လောက်ပေးစီးနေရတာ။အသစ်လည်းမဟုတ်ဘူး။
အဲ့လို မြတ်လို့ အကောက်ခွန်ဌာန နဲ့အဆောက်ဦးတွေ တိုးတတ်လာ လား။ကညန ဌာနကြီးတိုးတတ်လာပြီး e- department ဖြစ်လာပြီလား။နိုင်ငံတော်က အဲ့ကရတဲ့အခွန်နဲ့လမ်းတွေခင်းနေပြီးသွားရေးလာရေး ကောင်းမွန်ပြီလား။
အဖြေကတော့ နိုးပါ။အကောက်ခွန် ဌာန ဝန်ထမ်းတွေချမ်းသာနေတယ်။အဂတိ ကြောင့်။အကောက်ခွန်ရုံးတွေ အဆောက်ဦးတွေ စုတ်ပျက်သတ်နေတာဘဲ။ ကညနကောဘာထူးလဲ။ကညနအဆောက်ဦးဝန်းတွေဟာ စုတ်ပျက်သတ်နေတာပါဘဲ။မိုးတွင်းဆို ရွှံတွေနဲ့။ကိုယ်တွေ ကားတွေ လိုင်စင်ဝင်ပြီးပြန်လာရင် ညစ်ပတ်နေတာပါဘဲ။ဒါပေမယ့် အဲ့ရုံးတွေမှာသာ ညစ်ပတ်နေတာ အဲ့ရုံးက လူကြီးတွေ အိမ်တွေကတော့ နန်းတော်လား အောက်မေ့ရတယ်။ နိုင်ငံကလည်း တဖြေးဖြေး ချွတ်ချုံကျနေပြီ။လမ်းတံတားတွေဆိုတာလည်း နိုင်ငံတော့်က ရတဲ့အခွန်နဲ့ခင်းဖို့ သာသာ မပြီးဆုံးနိုင်သော လမ်းတံတားကြေးဂိတ်တွေကလည်း ပလူပျံနေတာ။ပေါ်ဦးကြားဖူးတာက တရုတ်ပြည်လို ကွန်မြူနစ်နိုင်ငံမှာတောင် အစိုးရက လမ်းမခင်းဘူး။BOT ချပေးတဲ့Companyက လမ်းကို ကွာလတီပြည့်အောင် စာချုပ်နဲ့ ဘယ်နှနှစ်အာမခံဆိုပြီး ခင်းပေးရတယ်။ပြီးမှ အဲ့BOT ရတဲ့Company က ၄နှစ်တန်သည် ၅နှစ်တန်သည် ချမှတ်ထားတဲ့ ကြေးကို စာချုပ်ထဲကအတိုင်းကောက်။ပိုကောက်လို့ မရဘူး။သူ့ နှစ်ပြည့်သွားပြီလား။ပြီးပြီထပ်မကောက်ခိုင်းတော့ဘူး။အစိုးရလည်းမကောက်တော့ဘဲ ပြည်သူကို အလကားပေးသွားတယ်။အဲ့ကာလမှာ လမ်းပျက်ခဲ့ရင် BOT Companyက အလကား ပြန်ခင်းခိုင်းတယ်။ပြောချင်တာက စေတနာပါ။ဒီမို ကရေစီဘဲဖြစ်ဖြစ် ကွန်မြူနစ်ဘဲဖြစ်ဖြစ် စစ်အစိုးရဘဲဖြစ်ဖြစ် ပြည်သူကို မကြည့်တဲ့အစိုးရဆိုရင်တော့ စိတ်ကိုမဝင်စားတာ။အဲ့တော့ပေးတာနဲ့ပြန်ရတာ တန်သလားဆိုတာ စဉ်းစားဖို့ လိုပါတယ်။(စဉ်းစားစရာပေးတာပါ)
မြန်မာနိုင်ငံမှာက အကုန်လုံးက ပြောင်းပြန်။ပုဂ္ဂလိက ပေးရမယ့် ဟာတွေကျတော့မပေးဘူး။ဥပမာ လမ်းတံတားBOT။မပေးသင့်တဲ့ လိုင်းကားတွေTAXI တွေကျတော့ ပေးတယ်။ဒါဟာ ပြောင်းပြန်ဘဲ။အများကြီးပါ။မပြောတော့ဘူး။အဲ့တော့ ဒီgroup က ညီအစ်ကိုတို့ လည်း သေချာစဉ်းစားပါ။ပြောင်းလဲဖို့ ဆိုတာ ကိုယ်ကိုယ်တိုင်ပြောင်းလဲမှရမှာ။ဥပမာ ဝင်ငွေခွန် ၁၅%ကို ရအောင်ယူပါ။အလုပ်မှာ လတိုင်းနိုင်ငံတော်ကို အခွန်ဆောင်ပြီး ကားဝယ်တော့မှ သူများအမည်ပေါက်ကိုမဝယ်ပါနဲ့။ကိုယ်တိုင်အမည်ဖေါက်ပြီး အခွန်ရုံးမှာ ၁၅% အခွန် ထောက်ခံစာ ရအောင်ယူပါ။သူတို့ ဘက်က အဲ့ဒါမျိုးဆိုရစ်တတ်ပါတယ်။ရစ်ပေမယ့်လည်း တစ်ပြားတစ်ချပ်မှမပေးဘဲ ရအောင်ယူပါ။နောက် လစာမှာ National Security တို Labour Tax တို့ ဆောင်ထားတဲ့အတွက်ကြောင့် အဲ့ဒါနဲ့ ရသင့်ရထိုက်တာတွေကို အပြည့်ဝရအောင် ယူဖို့ တိုက်တွန်းလိုက်ပါရစေ။
Credit to ပေါ်ဦး
Posted By : အိုင်တီ
==============================================

Subscribe to:
Posts (Atom)