Monday, July 11, 2016

အီဒါ ရဲ့အနိုင်ဂိုးနဲ့အတူ ယူရိုဖလားကို ပထမဆုံးအကြိမ် ရယူခဲ့တဲ့ ပေါ်တူဂီ
=====================================================

ယူရို-၂၀၁၆ဗိုလ်လုပွဲအဖြစ် အိမ်ရှင်ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်က
စားခဲ့ရာမှာတော့ ပေါ်တူဂီအသင်းဟာ တိုက်စစ်မှူး အီဒါရဲ့ အနိုင်ဂိုးနဲ့အတူ အိမ်ရှင်ကို အနိုင်ယူပြီး ပထမဆုံး ယူရိုဖလားကို ရယူခဲ့ပါတယ်။
အခုပွဲမှာ ခြေစွမ်းပိုင်းအရ ပြင်သစ် အသာရခဲ့ပေမယ့် ကံကြမ္မာပိုင်းမှာတော့ ပေါ်
တူဂီက ပိုသာခဲ့ပါတယ်။ ပထမပိုင်း(၁၀)မိနစ်လောက်မှာပဲ ပေါ်တူဂီအသင်းရဲ့ အဓိက ကစားသမား စီရော်နယ်လ်ဒို ပါယက်ရဲ့ကြမ်းတမ်းတဲ့ကစားပုံကြောင့် ဒဏ်ရာရရှိခဲ့ပြီး မိနစ်အနည်းငယ်ကြာမှာ ကွာရက်စ်မာနဲ့ လူစားလဲခံခဲ့ရသလို စီရော်နယ်လ်ဒိုလည်း မျက်ရည်လည်ရွှဲနဲ့ ထွက်သွားခဲ့ရတယ်။ ဒီပွဲမှာ ပြင်သစ်
ကွင်းလယ်လူ ဆစ်ဆိုကို မထင်မှတ်လောက်အောင် ခြေစွမ်းပြသွားခဲ့ပြီး တစ်ဦး
ချင်းကျော်ဖြတ်မှုတွေအပြင် အပိုင်ကန်သွင်းမှုတွေလုပ်ခဲ့ပေမယ့် ပေါ်တူဂီ ဂိုးသမား ပက်ထရူစီယို ကာကွယ်နိုင်ခဲ့တယ်။
ပေါ်တူဂီအသင်းဘက်မှာလည်း ဂိုးသမား ပက်ထရူစီယို အကောင်းဆုံးလက်စွမ်း
ပြခဲ့ပြီး သူသာ မကာကွယ်နိုင်ခဲ့ရင် ပြင်သစ်က အနည်းဆုံး(၃)ဂိုးလောက်ပြတ် သွားနိုင်တဲ့အနေအထားပါ။ ဒုတိယပိုင်းမှာ ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်း
တို့စ်က လူစားပြောင်းလဲမှုတွေလုပ်ခဲ့ပြီး ခြေစွမ်းမပြနိုင်တဲ့ အက်ဒရီယန်ဆေးလ်
ဗားအစား မော်တင်ဟို၊ ရီနာတိုဆန်းချက်စ်အစား အီဒါတို့ကို ထည့်သွင်းခဲ့တဲ့
နောက်ပိုင်း ပေါ်တူဂီအသင်းရဲ့ တန်ပြန်တိုက်စစ်ကစားပုံက ပီပြင်လာခဲ့တယ်။
အထူးသဖြင့် တိုက်စစ်မှူးအီဒါရဲ့ အတိုးအလှုပ်တွေကြောင့် ပြင်သစ်နောက်ခံလူ
တွေ အလုပ်ရှုပ်စေခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ပြင်သစ်အသင်းကို
အဆုံးအဖြတ်ဖြစ်စေတဲ့အခိုက်အတန့်ကတော့ လူစားဝင်လာတဲ့ တိုက်စစ်မှူး
ဂစ်နက် ပွဲပြီးခါနီးလောက်မှာ အပိုင်ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်သွားတာပဲ
ဖြစ်ပါတယ်။ ပွဲချိန်ပြည့်လို့ အချိန်ပိုဆက်လက်ကစားခဲ့တာမှာတော့ (၁၀၉)မိနစ်
မှာ ပေါ်တူဂီတိုက်စစ်မှူး အီဒါက ဂိုးဧရိယာထိပ်နားလောက်ကနေ အပြင်းကန်
သွင်းပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တယ်။
လက်ကျန်မိနစ်တွေမှာ ပေါ်တူဂီအသင်းက ထိန်းကစားသွားခဲ့ပြီး ပြင်သစ်အ သင်းအနေနဲ့ တိုက်စစ်ကို ဖွင့်ကစားသင့်ပေမယ့် ပုံမှန်အတိုင်းသာ ထိုးဖောက်
နေတာကြောင့် ချေပဂိုးမသွင်းနိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ပေါ်တူဂီအသင်းဟာ ပြင်သစ်အသင်းကို နောက်ဆုံး(၁၀)ပွဲဆက်
ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပြီး စီရော်နယ်လ်ဒိုကလည်း သူ့ရဲ့
အဓိက ပြိုင်ဘက် မက်ဆီကို ဆုဖလားမှတ်တမ်းမှာ အသာရယူနိုင်ခဲ့ပါပြီ။


Photo: AFP
Posted By : အိုင်တီ




 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...