======================================
တေးသံရှင်ကဗျာဘွဲ့မှုးကိုလိမ်လည်မှုနဲ့ အမှုဖွင့်သွားမယ်လို့ တေးသံရှင်မေခလာအပါအ၀င် အနုပညာနယ်ပါယ်ကလူ ၁၉ ဦးကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောကြားလိုက်ပါတယ်။ ZTH စက်သုံးဆီလုပ်ငန်းမှာ ငွေကြေးရင်းနှီးမြှုပ်နှံထားတာကို တစ်နှစ်ဝန်းကျင်ရှိတဲ့အထိ ငွေစာရင်းရှင်းလင်းပေးတာမျိုးမရှိပဲ လူချင်းလည်းအတွေ့မခံလို့ အခုလိုအမှုဖွင့်တရားစွဲဆိုဖို့ စီစဉ်ထားတာလို့ တရားစွဲဆိုမယ့်သူတွေကပြောပါတယ်။
ZTH စက်သုံးဆီလုပ်ငန်းမှာရင်းနှီးမြှုပ်နှံဖို့အတွက် ငွေကြေးတွေကို ၂၀၁၅ခုနှစ်က ZTH မှာ ဒါရိုက်တာတာဝန်ယူထားတဲ့ကဗျာဘွဲ့မှူးနဲ့စာချုပ်ချုပ်ဆိုပေးအပ်ခဲ့တာလို့လည်း တရားစွဲဆိုမယ့်သူတွေကပြောပါတယ်။တရားစွဲဆိုမယ်လို့ ပြောကြားသူတွေကတော့ ဒီကိစ္စကိုတေးသံရှင် ကဗျာဘွဲ့မှူးကိုယ်တိုင် လူကိုယ်တိုင်ထွက်ပြီး ဖြေရှင်းပေးလိုတဲ့ ဆန္ဒတွေရှိနေကြ တယ်လို့သိရပါတယ်။
No comments:
Post a Comment