"အတွဲတွေ facebook နဲ့ပတ်သက်ပြီး ဘယ်လိုပြသနာတွေ တက်လေ့ရှိသလဲ"
=======================================================
Facebook ဆိုင်ရာ, Relationship, ဗဟုသုတ
ချစ်သူစုံတွဲတွေ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook မှာ စုံတွဲဓာတ်ပုံတွေ
တင်ကြတယ်၊ relationship status 30 တင်ပြီး တစ်ဦးနဲ့တစ်ဦး
ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းကိုလည်း စတေးတပ်စ်တွေ တင်ကြတယ်။ ဒါပေမယ့်
သူတို့ကြားမှာ facebook ကြောင့် တက်တဲ့ ပြသနာတွေ အနည်းအများတော့
ရှိတတ်ကြပါတယ်။ တစ်ချို့သ၀န်တိုတတ်တဲ့ ချစ်သူတွေဆိုရင် ပိုလို့တောင်
ဆိုးပါသေးတယ်။ facebook ကြောင့် ကွဲသွားတဲ့ ချစ်သူစုံတွေတွေလည်း ခုဆို
တော်တော်များလာပြီလို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒီတော့ ချစ်သူစုံတွဲတွေကြား
facebook ကြောင့် ဘယ်လိုပြသနာလေးတွေ ဖြစ်တတ်သလဲဆိုတာ ကြည့်ရအောင်။
၁။ ကိုယ့်ချစ်သူကို လာ add တဲ့သူ ဘယ်သူတွေလဲဆိုပြီး သိချင်ကြတယ်။
ပြသနာရှာကြတယ်။ နှစ်ယောက်စလုံး facebook သုံးနေတဲ့အချိန် ကိုယ့်ချစ်သူကို
ဘယ်သူတွေ လာပြီး fri request ပို့ထားသလဲ။ ကိုယ့်အသိတွေလား။
အီစီကလီလုပ်မယ့်သူတွေလား စသဖြင့် သိချင်ကြပါတယ်။ တစ်ချို့ဆိုရင်
မိန်းကလေးဆိုလက်မခံနဲ့၊ ယောင်္ကျားလေးဆို လက်မခံရဘူး ဆိုပြီး ကိုယ့်ချစ်သူကို
တားမြစ်ထားတာတွေတောင်ရှိလာပါတယ်။
၂။ကိုယ့်ချစ်သူရဲ့ account ထဲမှာ
သူ့ရဲ့အရင်ရည်းစားဟောင်းတွေ ရှိနေသေးလား၊ သူတို့အဆက်အသွယ်ရှိနေသေးသလား
ဆိုပြီး ပြသနာရှာကြတယ်။ ရည်းစားဟောင်းနဲ့ ဘာမှမဟုတ်တော့ဘူး။
သူငယ်ချင်းလိုပဲ ပြန်ခင်မင်နေတယ်ဆိုတာမျိုး လက်ခံပေးနိုင်တဲ့
ရည်းစားရှားပါတယ်။ အရင်ရည်းစား ကိုယ့် account ထဲမှာရှိနေရင်
သူဘာတွေလုပ်နေလဲ ဆိုတာလောက်တော့ နည်းနည်းပါးပါး သိချင်ကြတာရှိတတ်ပါတယ်။
ဒါ့အပြင် ကိုယ့်ချစ်သူရဲ့ရည်းစားဟောင်းက ကိုယ့်ချစ်သူကို ပြန်လာပတ်သက်မှာ
စိုးရိမ်တာမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ ကိုယ့်ချစ်သူရဲ့ ဓာတ်ပုံမှာသာ
သူ့ရည်းစားဟောင်းရဲ့ Like လေးတစ်ချက် တွေ့လိုက်ရင် ခေါင်းမီးတောက်ပြီး
နှစ်ဦးသား ပြသနာတက်ပြီသာ မှတ်ပါတော့။
၃။chat ထဲမှာ ဘယ်သူတွေနဲ့
ဘာတွေပြောနေသလဲ သိချင်ကြတယ်။ တစ်ခါတစ်လေ ကိုယ့်အလုပ်၊ ကိုယ့်ကျောင်း၊
ကိုယ်ဝါသနာပါရာ ကိစ္စရပ်တစ်ချို့ကြောင့် ကိုယ့်ကို မိတ်ဆွေလာဖွဲ့တာ၊
မေးမြန်းတာမျိုးတွေရှိနိုင်ပေမယ့် တစ်ချို့လူတွေကျတော့လည်း ဒီအတိုင်း
ရောချင်တာမျိုးတွေ ရှိပါတယ်။ ဒါကို ပြန်ပြောသင့်၊ မပြောသင့်ဆိုတာ
ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာပါ။ ကိုယ့်ချစ်သူကတော့ မမြင်ကွယ်ရာမှာ
သူစိမ်းတစ်ယောက်နဲ့ chat နေတာမျိုးသိရင် စိတ်ပူကောင်း စိတ်ပူပါလိမ့်မယ်။
ဒါဆိုရင် ဘာ့ကြောင့် chat ရတယ်ဆိုတာ၊ အကြောင်းကိစ္စရှိလို့ chat ရတယ်ဆိုတာ
သူနားလည်အောင် ရှင်းပြပါ။ လာ hi တဲ့သူတိုင်းနဲ့တော့
စကားပြန်မပြောမိပါစေနဲ့။ သူ့ယုံကြည်မှုတွေလည်း မဆုံးရှုံးပါစေနဲ့။
၎။ကိုယ့်စတေးတပ်စ်၊ ဓာတ်ပုံတွေမှာ ကိုယ့်ချစ်သူရဲ့ Like မရှိတာနဲ့
ပတ်သက်ပြီး ပြသနာတက်ကြတယ်။ မိန်းကလေးအများစုဟာ ကိုယ်တင်လိုက်တဲ့ပုံလေးတွေ၊
စတေးတပ်ပ်လေးတွေမှာ ကိုယ့်ချစ်သူက ၀င်လက်မထောင်တာမျိုး လိုချင်ကြပါတယ်။
သူတို့ထောက်ခံအားပေးတာကိုလည်း လိုချင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ သူ့ဘာသာသူသာ
သပ်သပ်ကြီးနေပြီး လုပ်ချင်တဲ့ စတေးတပ်စ်တစ်ခုလောက်ကျမှ Like ကလစ်လေး
လာနှိပ်တာမျိုးဆိုရင်တော့ သူတို့ စိတ်ကောက်ကြပါလိမ့်မယ်။ အထူးသဖြင့်
ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ရေသားထားတဲ့ စတေးတပ်စ်မျိုးမှာပေါ့။
၅။နှစ်ဦးသားရဲ့ ထူးခြားတဲ့နေ့တွေမှာ တစ်ဦးရဲ့wall မှာ တစ်ဦးက
အမှတ်တရပို့စ်တစ်ခုခု မလုပ်တာနဲ့ပတ်သက်ပြီး ပြသနာတက်ကြတယ်။ facebook ပေါ်မှာ
တစ်ခြားသော အတွဲပေါင်းများစွာက သူတို့ရဲ့အမှတ်တရဖြစ်တဲ့ နေ့လေးတွေမှာ
တစ်ယောက်ရဲ့ wall တစ်ယောက်ဝင်ကြည့်၊ ပို့စ်လေးတွေ လုပ်တတ်ကြပါတယ်။
ဒီရေစီးကြောင်းထဲ ရောက်ပြီးလို့ကတော့ ပြန်ထွက်ဖို့ ခက်ခဲသွားပါပြီ။
ချစ်စခင်စ ကြင်နာစအချိန်တွေတုန်းက ခုလိုတွေလုပ်ခဲ့ပေမယ့် နောက်ပိုင်းခုလို
လုပ်ဖို့ ပျက်ကွက်လာမယ်ဆိုရင်တော့ နှစ်ဦးသား
အချစ်တွေလျော့သွားပြီလားဆိုပြီး ပြသနာရှာတတ်ကြပါတယ်။
၆။ကိုယ့်ချစ်သူကို တစ်ခြားသူတွေရဲ့ အလှဓာတ်ပုံမှာ tag လုပ်ထားတာမျိုး
မကျေမနပ်ဖြစ်တတ်ကြတယ်။ တစ်ခါတစ်လေ ကောင်မလေးတွေက
သူတို့ရဲ့အလှဓာတ်ပုံတိုင်းမှာ ကိုယ့်ချစ်သူကောင်လေးကို tag ပေးထားပြီး Like
လုပ်ဖို့ပြောထားတာမျိုး တစ်ခါ၊ နှစ်ခါ မဟုတ် အကြိမ်ပေါင်းများစွာ
မြင်တွေ့လာရပြီဆိုရင် ကိုယ့်ချစ်သူကောင်လေးကိုရော၊ အဲ့ဒီကောင်မလေးတွေကိုပါ
ဒေါသထွက်လာရပါပြီ။ ကိုယ့်ကောင်လေးအနေနဲ့လည်း သူတို့ရဲ့ဓာတ်ပုံမှာ tag
မလုပ်ဖို့ သူတို့ကို ပြတ်ပြတ်သားသား ပြောဖို့လိုလာပြီ ကိုယ့်ဘက်က
ဖွင့်ဟလာရပါပြီ။
၇။ကိုယ်အမြင်မကြည်တဲ့သူရဲ့ပို့စ်၊ ဓာတ်ပုံအောက်မှာ
ကိုယ့်ချစ်သူရဲ့ Like တွေကို တွေ့လို့ ဒေါသဖြစ်ကြတယ်။ လူမှုကွန်ယက်မှာ
ကိုယ်နဲ့ချစ်သူ၊ ခင်သူတွေရှိသလို ကိုယ်ကြည့်မရတဲ့၊
ကိုယ်နဲ့လုံးဝအဆင်မပြေတဲ့သူတွေ ရှိတတ်ကြပါတယ်။ ဒါကို block လို့လည်းမရ၊
unfriend လုပ်လို့မကောင်းတာမို့ ဆက်ထားနေရပေမယ့် သူတို့တင်တဲ့ပို့စ်တွေ၊
ဓာတ်ပုံတွေကိုတော့ ကိုယ့်အနေနဲ့ Like မလုပ်ဖြစ်တော့တဲ့အခါ
ကိုယ့်ချစ်သူကိုပါ ကိုယ့်လို ဖြစ်စေချင်ကြပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ
ကိုယ့်ချစ်သူကတော့ Like တွေ၊ comment တွေ ၀င်ရေးနေမယ်ဆို နှစ်ဦးသား
ပြသနာတက်ပြီလို့သာ မှတ်လိုက်ပါတော့။
Trend Myanmar
Credit to ရွှေညာမြေ အင်တာနက်စာမျက်နာ
Thursday, November 26, 2015
လက်ဗေဒင်
========
ကဲ ဒီစာကိုဖတ်နေတဲ့ကောင်လေး၊ ကောင်မလေး ကတော့ ကံကောင်းသွားပြီလို့မှတ်လိုက်ပါနော်။
========
ကဲ ဒီစာကိုဖတ်နေတဲ့ကောင်လေး၊ ကောင်မလေး ကတော့ ကံကောင်းသွားပြီလို့မှတ်လိုက်ပါနော်။
လက်လေးကိုကြည့်ပြီး ကိုယ့်က ဘယ်လိုလူဖြစ်မလဲဆိုတာကို ကြည့်ကြရအောင်။ မိသားစု၊သူငယ်ချင်းတွေနဲ့လည်း စမ်းကြည့်လိုက်ကြရအောင်လား။
★★ လက်သည်းကြွယ်က လက်ညှိုးထက်ရှည်လျှင်၊ သင်ဟာ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်ပေါများသောသူ (A)
★ အမြဲတမ်း သင့်ရဲ့ပတ်ဝန်းကျင်မှာ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများရှိပြီး လူချစ်လူခင်ပေါများပါလိမ့်မယ်။
★ ဒါပင်မဲ့ တခါတလေ အရိပ်အခြေကို မကြည့်တတ်လို့ အဆူခံရတတ်ပင်မဲ့လည်း သင်ကတော့ ရည်ရွယ်ပြီးလုပ်တဲ့ကိစ္စတော့ မဟုတ်ပါ။
★ ပြသာနာကို ဖြေရှင်းရာတွင် ကျွမ်းကျင်ပြီး အင်ဂျင်နီယာ၊ ပညာရှင်တွေ ဖြစ်ပါလိမ့်မယ်။
★★ လက်ခလယ်ပြီးလျှင် ဒုတိယအရှည်ဆုံးက လက်ညှိုးဖြစ်သောသူဟာ ၊ အမြဲတမ်း ယုံကြည်မှုအပြည့်ရှိပြီး လူအများ၏ အားကိုးလေးစားခြင်းကို ခံရသူ (B)
★ အမြဲတမ်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဘာအလုပ်မဆို နောက်လှည့်ကြည့်စရာမလို အားလုံးကို ပြီးမြောက်အောင်မြင်အောင်လုပ်ပေးသူ
★ အများနဲ့ပူးပေါင်းဆောင်ရွက်တာထက် တစ်ယောက်တည်းလုပ်ရတာကို သဘောကျသူ။
★ အလုပ်တွင် အာရုံစိုက်နေချိန်မှာ အနှောက်အယှက်ပေးလျှင် အလွန် စိတ်ဆိုးတတ်သူ။
★ သူရဲ့လုပ်ကိုင်ပုံအတိုင်း ခွင့်ပြုပေးထားလျှင် အားလုံး အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။
★ လက်ရှိအခြေအနေအပေါ်မှာ ကျေနပ်ခြင်းမရှိပဲ ဒီထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူ။
★★ လက်သည်းကြွယ်နဲ့ လက်ညှိုးက အရွယ်တူနေလျှင်၊ ပြသာနာကိုမေ့ထားပြီး ငြိမ်းချမ်ရေးကို အလေးထားသူ (C)
★ လူအများကို တည့်အောင်ပေါင်းနိုင်ပြီး ရန်ဖြစ်ခြင်းကို မုန်းသောသူ။
★ တတ်နိုင်ရင် အေးအေးဆေးဆေးပဲနေချင်တယ်။
★ ဒါပင်မဲ့ သူစိတ်တိုရင်တော့ ကြောက်စရာကောင်းတာကြောင့် သတိထားပါ။
Chelmo Team
Credit to SearchMyanmar

Wednesday, November 25, 2015
နှင်းဆီ ပွင့် တွေ အကြောင်း
===================
နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်
နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး
နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွှတ်တယ်
နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ပွင့်..... အမြဲတမ်း
နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။
နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။
နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ပွင့်...... I'M SORRY!
နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း
နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။
နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်
နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်
နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်
နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီအပွင့် ၉၉..... FOREVER!
နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်
နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်
နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ
နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်
နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ်
နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီအပွင့် ၁၀၀၁...... သက်ဆုံးထိတိုင်
ဝယ်နိုင်ကြပါစေ.. အဲ.. ချစ်နိုင်ကြပါစေး)

Tuesday, November 24, 2015
ဘာမှ မဆန်းတဲ့မိန်းကလေး
==================
ကျွန်မက မိန်းကလေးပဲ
ကိုယ့်ချစ်သူ အပေါ်
ကလေးတစ်ယောက်လို ဆိုးနွဲ့ ချင် တာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
စိတ်ကောက် ရင် အ ချော့ခံချင် တာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
ကိုယ့်ချစ်သူ ဆီက ယုယကြင် နာမှုတွေ
မက်မော တောင့်တမိတာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
ချစ်တတ်လွန်းလို့  သဝန်တိုတတ်တာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
ကိုယ့်ချစ်သူ အတွက်
တော်ရုံကိစ္စ လေးတွေက အစ
စိုးရိမ်စိတ်နဲ့  စိတ်ပူ ပြီးပြောဆို တတ်တာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
ပျော်ရွှင် စရာ စိတ်ညစ်စရာ တွေအားလုံး
ကိုယ့်ချစ်သူကို ပဲ ရင် ဖွင့်တိုင် ပင် ချင် တာ
ဘာဆန်းသလဲ
အဲ့ဒီလို ဘာမှ မဆန်းတဲ့
မိန်းကလေး သဘာဝ ကိစ္စ လေးတွေကို
ရစ်တယ် လို့ ထင် ပြီး နားလည်မ ပေးနိုင် တဲ့
ရှင် ကမှ ဆန်း နေတာ
ကိုကို အရစ်တုံးကြီးရဲ့

Thursday, November 12, 2015
ဂျိမ်းဘွန်း ရဲ့ ၂၀၁၅ ဇာတ်ကားလေးပါ
===========================
Spectre (2015) ကို Trailer အရင်တင်ပေးလိုက်ပါတယ် :D
Spectre (2015)
Spectre (2015) Trailer
===========================
Spectre (2015) ကို Trailer အရင်တင်ပေးလိုက်ပါတယ် :D
Spectre (2015)
Ratings:
7.3/10 from 68,679 users
Metascore: 60/100
Reviews: 423 user | 225 critic | 48 from Metacritic.com
Reviews: 423 user | 225 critic | 48 from Metacritic.com
A cryptic message from Bond's past sends him on a trail to uncover a
sinister organization. While M battles political forces to keep the
secret service alive, Bond peels back the layers of deceit to reveal the
terrible truth behind SPECTRE.
Director:Sam Mendes
Writers:John Logan (screenplay), Neal Purvis (screenplay), 6 more credits »
Wednesday, November 11, 2015
ရတနာသုံးပါးနှင့်မဟေမာ
===================
ရတနာသုံးပါးနဲ့ မဟေမာ
******************
တစ်ခါတုန်းက သီဟိုဠ်ကျွန်းလို့ခေါ်တဲ့ ယခုသီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့မှာ မဟေမာ ဆိုတဲ့ အမျိုးသမီးလေး တစ်ဦး ရှိခဲ့ဖူးတယ်။ သူမဟာ ရုပ်ရည်အင်မတန် ချောမောလှပသလို အသိအလိမ္မာရှိပြီး ရတနာသုံးပါးကို အလေးထား ဦးစားပေးတဲ့ သူလည်းဖြစ်တယ်။ သူမရဲ့ မိဘတွေဟာ မဟေမာလေးကို ငယ်စဉ်အခါကတည်း ဘုရားသွား ကျောင်းတတ် အမြဲတမ်းခေါ်ဆောင် သွားလေ့ရှိခဲ့တယ်။ သို့အတွက်ကြောင့် သူမဟာ ငယ်စဉ်အခါကတည်းက ဗုဒ္ဓတရားတော်များနှင့် ရင်းနှီကျွမ်းဝင်ကာ ရတနာသုံးပါးဂုဏ်တော်များနှင့် ပဋ္ဌာန်း ၊ ဓမ္မစကြာ တရားတော်တွေကို နှုတ်တက်အာဂုံ ရွတ်ဆိုနိုင်ခဲ့တယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အခါမှာ
မဟေမာဟာ မဟာတိတ္ထလို့ခေါ်တဲ့ သမုဒ္ဒရာဆိပ်ကမ်း တစ်ဘက်မှာ နေတဲ့ သင်္ဘောသားလေး
တစ်ယောက်နဲ့တွေ့ဆုံပြီး ချစ်ကြိုက်မိခဲ့တယ်။ တစ်နေ့မှာတော့ သင်္ဘောသားလေးဟာ
ကုန်ရောင်းသွားရင်း လမ်းခရီးမှာ ဖျားနာနေတဲ့ အတွက်ကြောင့် သူမထံ ပြန်ရောက်မလာခဲ့ဘူး။
ဒါနဲ့သူမဟာ အရဲစွန့်ပြီး ချစ်သူ သင်္ဘောသားလေးနောက်ကို လိုက်သွားဖို့
ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ သူမမှာ ရတနာသုံးပါးမှ တစ်ပါး အခြား အားကိုးစရာမရှိတဲ့
အတွက်ကြောင့် သူမအိမ်က ထွက်ကတည်းက ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကိုအာရုံပြုပြီး
ပဋ္ဌာန်းနဲ့ ဓမ္မစကြာတရားတော်တွေကို ရွတ်ဖတ် ပွားများလာခဲ့တယ်။ သူမရင်ထဲမှာ
အချစ်သောကမီးအပူတွေ တောက်လောင်လို့နေပေမဲ့ သူမဟာ ရတနာသုံးပါးကို မေ့မသွားခဲ့ဘူး။
သို့သော်လည်း သူမဟာ ပုထုဇဉ်ဖြစ်သည့်အလျောက် သူမသေရမှာထက် ချစ်သူနဲ့ ခွဲခွါရမှာကို
ပိုပြီးကြောက်ရွံ့နေခဲ့တယ်။
ဒီလိုနဲ့ သူမဟာ တစ်ဦးတည်း ချစ်သူရှိတဲ့အရပ်ဆီသို့
ထွက်လာခဲ့ရာ မြစ်ဆိပ်တစ်ခုကို ရောက်လာခဲ့တယ်။ အဲဒီမြစ်ဆိပ်ကနေ သူမဟာ လှေငယ်လေး
တစ်စီးကို လှော်ခတ်ကာ သမုဒ္ဒရာကြီးကို အရဲစွန့်ပြီး ကူးခဲ့ပါတယ်။
သမုဒ္ဒရာအလယ်အရောက်မှာတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ သူမလှေကလေးဟာ
လှိုင်းလုံးတွေကြားမှာ တိမ်းမှောက်ပြီး ရေထဲမှာ နစ်မြုပ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း
သူမဟာ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို အာရုံပြုလျက် သမုဒ္ဒရာအတွင်းမှာ ဆက်လက်
ကူးခတ်နေခဲ့ပါတယ်။
အဲဒီလို သူမ သမုဒ္ဒရားအတွင်းမှာ
ကူးခတ်နေစဉ်မှာပဲ သမုဒ္ဒရာစောင့် နဂါးမင်းဟာ သူမရွတ်ဖတ်နေတဲ့ ဂုဏ်တော်တွေရဲ့ အသံကို
ကြားပြီး သူမထံ ရောက်လာခဲ့တယ်။ ပြီးတော့ နဂါးမင်းက….
“အို….. မိန်းကလေး၊ သင့်ရဲ့ အဆင်းရုပ်ရည်းကား တင့်တယ်လှပပါပေစွ၊ အဘယ့်ကြောင့် လှိုင်းလေ အင်မတန်ပြင်းထန်ပြီး၊ ငါးမန်းတွေ အလွန်ပေါတဲ့ သမုဒ္ဒရာ ရေပြင်ကျယ်ကြီးထဲမှာ အသက်စွန့်ပြီး လက်ပစ်ကူးနေရပါသလဲ” လို့ မဟေမာကို မေးလိုက်တယ်။
“အို …. အရှင်နဂါးမင်း၊ အကျွန်ုပ်ရဲ့ နှလုံးသားကို အချစ်ဆိုတဲ့ ရာဂဘီလူးဟာ သန်လျက်ဓားနဲ့ ခုတ်ဖြတ်ထားအပ်ပြီ၊ အကျွန်ုပ်ဟာ သမုဒ္ဒရာမှာအလယ်မှာ ရေနစ်သေရမှာထက် ချစ်သူနဲ့ ခွဲရမှာကို ပိုပြီး ကြောက်လှပါတယ်။ ဒါကြောင့် သေလိုကသေစေ၊ ရှင်လိုက ရှင်စေဆိုပြီး သမုဒ္ဒရာကို လက်ပစ် ကူးနေရခြင်း ဖြစ်ပါတယ်”
“အို… ချစ်လှစွာသော နှမငယ်၊ သင်သည်မပြုအပ်၊ မပြုထိုက်သော အမှုကို ပြုဝံ့လေစွ၊ ချစ်ခြင်း ရာဂတရားဟာ သင့်ကို အနိုင်အထက် နှိပ်စက်လေခြင်းကား အံ့သြဖွယ်ရှိပါပေစွ။ နှစ်နှမ… သင်တို့ သီဟိုဠ်ကျွန်းသူတို့ မည်သည်မှာ ဘုရား၊ တရားကို သိတတ်ကြကုန်၏။ မြတ်စွာဘုရားရှင်၏ တရားတော်တွေကို နှုတ်တတ်အာဂုံ ဆောင်နိုင်တယ်လို့ ငါကြားသိရ ဖူးပါတယ်၊ သင်ကော မည်သည့် တရားတော်များကို အာဂုံဆောင်ခဲ့ပါသနည်း”
“ဟုတ်ပါတယ် အရှင်နဂါးမင်း၊ အကျွန်ုပ်ကား နေ့စဉ်ပင်လျှင် ရတနာသုံးပါးရဲ့ဂုဏ်တော်တွေကို ပွားများကာ ဘုရားရှင်ကို ပူဇော်လျက်ရှိပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာတရားတော်ကို နှုတ်တတ်အာဂုံဆောင်ခဲ့ပါတယ်”
“အို…. ကောင်းလိုက်လေခြင်း ချစ်နှမ၊ ငါဟာ ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာကို အင်မတန်နာယူလိုလှပါတယ်၊ ငါ့အားဟောကြားပေးပါ ချစ်နှမ။”
“ကောင်းလှပါပြီ အရှင်နဂါးမင်း၊ ကျွန်ုပ်ရွတ်ဖတ်ပူဇော်ပေးပါ့မယ်။ နားထောင်ပါလေ”
ထိုခဏမှာပဲ နဂါးမင်းကြီးဟာ တရားတော်နာယူဖို့ ရတနာမဏ္ဍပ်ကြီးကို သမုဒ္ဒရာအတွင်းမှာ ဖန်းဆင်း ပေးလိုက်ပါတယ်။ ပြီးတော့ မဟေမာလေးကို ရတနာမဏ္ဍပ်အတွင်း ခင်းထားတဲ့နေရာမှာနေစေပြီး ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာတရားတော်ကို မဟေမာထံမှ ရိုရိုသေသေနာယူခဲ့တယ်။ မဟေမာလည်း မိမိနှုတ်တတ်အာဂုံဆောင်ထားတဲ့ ပဋ္ဌာန်းတရားတော်နှင့် ဓမ္မစကြာတရားတော်တွေကို အသံကြည်ကြည်လင်လင်ဖြင့် ရွတ်ဖတ်ပူဇော်လိုက်တယ်။ ပြီးတဲ့အခါမှာတော့ နဂါးမင်းကြီးဟာ တရားတော်ကို ကြည်ညိုစွာ နာကြားခွင့်ရတာမို့ ၀မ်းမြောက်ဝမ်းသာနဲ့ မဟေမာအား နဂါးပြည်ဖြစ် နတ်ဝတ်တန်ဆာတွေကို ၀တ်ဆင်ပေးပြီး ရွှေငွေကို အလိုရှိတိုင်း ပေးတတ်တဲ့ ပတ္တမြားရတနာ တစ်ခုကိုလည်း ဆုချလိုက်ပါတယ်။ နောက်ပြီး နဂါးမင်းဟာ သူ့ရဲ့ တန်ခိုးနဲ့ပဲ မဟေမာကို မဟာတိတ္ထအရပ်ရှိ သင်္ဘောသား လုလင်ရဲ့အိမ်ကို အရောက်ပို့ပေးလိုက်ပါတယ်။

အဲဒီအခါ မဟာတိတ္ထရွာသားတွေဟာ မဟေမာထံက
အလွန်ထူးဆန်းလှတဲ့ ပတ္တမြားရနာကို တွေ့မြင်ပြီး “ဒီရတနာကို ဘယ်လိုရသလဲ” ဆိုတာကို
မေးမြန်းစုံစမ်းကြပါတယ်။ အဖြစ်မှန်ကို မဟေမာက ရှင်းပြပေမယ့် ဘယ်သူမျှ
မယုံကြည်ကြပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ ရွာသားတွေ ကုန်းချောလျှောက်ထားလို့
ရှင်ဘုရင်ထံတော်မှောက်အထိ မဟေမာ ရောက်သွားရပါတယ်။ နန်းတော်တွင်း ရောက်တဲ့အခါ
ဘုရင်မင်းမြတ်က မဟေမာထံက ပတ္တမြား ရတနာကို သိန်းယူစေပါတယ်။ အဲဒီအခါ မဟေမာလက်ထဲက
လွှတ်လိုက်တာနဲ့ ပတ္တမြားရတနာဟာ ကျောက်ခဲ အသွင်ပြောင်းသွားပါတယ်။ ဘုရင်မင်းမြတ်လည်း
အင်မတန်အံ့သြပြီး သုံးကြိမ်တိတိ ပေးလိုက်ယူလိုက် စမ်းသပ်ပေမယ့် မဟေမာ လက်ထဲက
ယူတိုင်းယူတိုင်း ပတ္တမြား ရတနာဟာ ရိုးရိုးကျောက်ခဲ အဖြစ် ပြောင်းပြောင်းသွားပါတယ်။
အဲဒါနဲ့ ဘုရင်မင်းမြတ်လည်း အကြောင်းစုံ သိသွားပြီး မဟေမာကို ဆုတော်ငွေ များစွာ
ဆုလာဘ်တော်အဖြစ်ပေးပြီး မဟာတိတ္ထရွာကိုလည်း အပိုင်စားပေးလိုက်ပါတယ်။
အဲဒီအချိန်ကစပြီး မဟေမာလေးဟာ
ရတနာသုံးပါရဲ့ ကျေးဇူးတော် ဂုဏ်တော်တွေကို ပိုမို သိမြင်လာကာ၊ ဘုရားရှိခိုးခြင်း
ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ခြင်း၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း ၀တ်တို့ကို နေ့စဉ်မပျက်
ပြုပါတယ်။ ကြွယ်ဝလာတဲ့ ပစ္စည်းဥစ္စာတွေနဲ့ သာသနာတော်ကိုလည်း အစွမ်နိုင်ဆုံး
ချီးမြှောက်ပူဇော်ကာ လူအဖြစ်နဲ့ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေရပြီး၊ သေလွန်တဲ့အခါ
တုသိတာ နတ်ပြည်ကို လားရောက် ရပါတယ်။
ဒါက သီဟိုဠ်ရာဇ၀င်မှာလာတဲ့
ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကြောင့် အသက်မသေဘဲ ချမ်းသာရာ ရခဲ့တဲ့
မဟေမာရဲ့ဝတ္ထုဇာတ်လမ်းလေးပါ။
ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကိုသိပြီး
အမြဲမပြတ် နှလုံးသွင်း ပွားများနိုင်ကြပါစေ…..။
အရှင်ပညာဝုဓ (ဓမ္မရိပ်သာ) 20.10.15
အရှင်ပညာဝုဓ (ဓမ္မရိပ်သာ) 20.10.15
Credit Ashin Pannavudha
ဘုရားရှင် ၏အံ့ဖွယ်(၁၈)ပါး
==============
==============
ကမ္ဘာ့အံဖွယ်ဗုဒ္ဓများ
ဘုရားရှင်၏ အံ့ဖွယ် ( ၁၈ ) ပါး
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည်
ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင်
ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က
ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော်
သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး
လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍
ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌
အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့
မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို
အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁)
အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့
ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို
မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင်
ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏
ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့်
ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင်
သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့်
တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့
အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
မြတ်ဗုဒ္ဓ၏ တန်ခိုးတော်များသည် အံ့ဖွယ်
များပြားလှပေတော့သည်။
အရှင်ဝိမလအား credit ပူဇော်ပါသည်။
Kyaw Wunna Ko
Aof Jaidee
မြတ်ဗုဒ္ဓ၏ တန်ခိုးတော်များသည် အံ့ဖွယ်
များပြားလှပေတော့သည်။
အရှင်ဝိမလအား credit ပူဇော်ပါသည်။
Kyaw Wunna Ko
Aof Jaidee
credit ကမ္ဘာ့အံဖွယ်ဗုဒ္ဓများ
Tuesday, November 10, 2015
ထိုင်းဘုရင်၏ သြ၀ါဒ အမှာစကား
==================
==================
"ထိုင်းဘုရင်၏ သြဝါဒ
အမှာစကား" ပါတဲ့။ တန်ဖိုးရှိလွန်းတဲ့ အမှာစကားများဖြစ်ပါတယ်။ ကြိုက်လွန်းလို
့ ထာဝရသိမ်းထားချင်ပါ၍ ကော်ပီကူးယူပြီး Share လိုက်ရပါတယ်။ရးပေးသူ U Tun Wai..ကို ကျေးဇူးတင်ပါတယ်။
>> ထိုင်းဘုရင်၏ သြဝါဒ အမှာစကား
၃၆ ချက်
မှတ်သားလောက်ပါတယ် <<
မှတ်သားလောက်ပါတယ် <<
၁။ ထမင်းလုံးတိုင်း ရေစက်တိုင်း
စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ။
၂။ ဘုရားရှိခိုးတိုင်း မည်သည့်
ဓနဥစ္စာကိုမျှမတောင်းဘဲ ပညာနှင့် အစွမ်းသတ္တိကိုသာတောင်းယူပါ။
၃။ သူငယ်ချင်း အသစ်သည်ကိုယ့်အတွက်
လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ မိမိအတွက် တန်ဖိုးမဖြတ်နိုင်ပါ။
၎။ ဘာသာရေးစာအုပ်ကို
တစ်နှစ်တစ်အုပ်ရအောင် ဖတ်ပါ။
၅။ မိမိကိုယ်ကို ကောင်းစေချင်လျှင်
သူများကိုကောင်းအောင် အလျှင်ကူညီပေးပါ။
၆။ ကျေးဇူးတင်ပါတယ် ဆိုသောစကားကိုအမြဲ
များများ ပြောပေးပါ။
၇။ သူတပါး၏ ရင်ဖွင့်စကား
တိုင်ပင်လျို့ဝှက်စကားတို့အား မိမိအနေဖြင့်** ထိမ်းသိမ်းပါ။
၈။ ခွင့်လွှတ်စိတ်ရှိပါ။
၉။ နားထောင်သည့် အလုပ်ကို
ဦးစားပေးပါ။
၁၀။ အမှားရှိလျှင် ဝင်ခံနိုင်ရမည်။
၁၁။ ပြုတ်ကျပါက လဲကျပါက
ပြန်ထူပြန်ထရန် မကြောက်ပါနှင့်။
၁၂။ ခက်ခဲနေလေလေအောင်မြင်ဖို့ အတွက်
လေးနက်မှုရှိလေလေ။
၁၃။ ဓာတ်လှေကားအတွင်း
စီးပွားရေးအကြောင်း မငြင်းခုံပါနှင့်။
၁၄။ ဈေးဝယ်ကဒ်ကို
အကြွေးတင်အောင်မဝယ်သုံးမိပါစေနှင့်။
၁၅။ တောင်းပန်ရန် ဝင်မလေးပါနှင့်။
၁၆။ မသိပါက မသိကြောင်း ဝန်ခံပါ။
၁၇။ ကီလို ၁၀၀၀( မိုင်ထောင်ချီခရီး )
အား ချောမွေ့သည်ဟူ၍ မရှိနိုင်ပါ။
၁၈။ မွေးကတည်းက မည်သူမျှ
မပြေးတတ်သေးပါ ... ဒါကြောင့် ဖြေးဖြေးစလုပ်ပါ။
၁၉။ ကပ်စေးနဲတာဟာ
ဘဝအောင်မြင်ဖို့အတွက်ပါ .... ( ဘဝကို ချစ်တဲ့သူ )။
၂၀။ ငွေကို မချစ်တဲ့သူဟာဘဝကို
မချစ်တဲ့သူ ကြီးပွားဖို့ မမျှော်လင့်သူ။
၂၁။ ရန်ဖြစ်သူနှစ်ယောက်
အလျှင်ရက်သွားသူက ပညာရှိပါ။
၂၂။ တသက်လုံး အလုပ်လုပ်ရက်
မရှိပါနားရက်တွေပါဘဲ။
၂၃။ ပြင်းထန်တဲ့ စိတ်ရှိသလို ပျော့တဲ့
စိတ်လဲ ဖြစ်မယ်။
၂၄။ နားမလည်သူအား
နားလည်အောင်ရှင်းပြတတ်ပါစေ။
၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင်
မျက်နှာနှစ်ခု ရှိတယ် ... ဒီလိုဘဲ ဘဝဟာ အနိုင် /
အရှုံး - အောင်မြင်မှု / ကျရှုံးမှုတွေရှိမယ်။
အရှုံး - အောင်မြင်မှု / ကျရှုံးမှုတွေရှိမယ်။
၂၆။ မိမိစိတ်ကို အလိုမလိုက်ပါနှင့်။
၂၇။ သွားဟာ ဘာဖြစ်လို့ ကြိုးလဲ (မာလို့)လျှာက
ကြိုးပါသလား ?
၂၈။ အပင်ငယ်တတ်ခါစကို
မြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်း မပြုပါနှင့် အမြစ်ပါ ကြွေ
သွားမည်။
သွားမည်။
၂၉။ မိမိကိုယ် တစ်နေ့လျှင်
သုံးကြိမ်သေရမည်ကို စဉ်းစားပါ အားလုံးပြင်ဆင်ပြီးသား ဖြစ်မယ်။
၃၀။ ကြယ်သီးဟာ ပထမတစ်လုံး
မှားသည်နှင့် အားလုံးမှားတော့တာပါပဲ။
၃၁။ အလုပ်တစ်ခုကို ပြီးမြောက်ဖို့
ရက်ချိန်းတစ်ခု သတ်မှတ်ပါ။
၃၂။ ရေခွပ်ထဲမှ တစ်ဝက်သာရှိသော
ရေဖြစ်ပါစေ။
၃၃။ ကြယ်နှင့်လ ဟာ အရမ်းကို
မြင့်လွန်းတယ် ... မှီနိုင်သလောက်ကို လှမ်းပါ။
၃၄။ လူ့တသက်တာမှာ
အလုပ်အများကြီးအရေးအကြီးဆုံးကို အရင်လုပ်ပါ။
၃၅။ စာအုပ်တွေဟာ ကမ္ဘာပေါ်မှာ
တန်ဖိုးအရှိဆုံးနှင့် ဗဟုသုတ အရဆုံး ပညာရှိ
တစ်ဆူဖြစ်တယ် .. တစ်လလျှင် တစ်အုပ်ဖက်နိုင်အောင် လုပ်ပါ။
တစ်ဆူဖြစ်တယ် .. တစ်လလျှင် တစ်အုပ်ဖက်နိုင်အောင် လုပ်ပါ။
၃၆။ အရာရာ သတ်မှတ်ချက်ရှိပါစေ
.....ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီး ဤ
နေရာမှာ ထားပါ စည်းကမ်းသည် လူ၏တန်ဖိုး။
နေရာမှာ ထားပါ စည်းကမ်းသည် လူ၏တန်ဖိုး။
(Credit to U Tun
Wai)
Subscribe to:
Posts (Atom)