Tuesday, November 24, 2015

ဘာမှ မဆန်းတဲ့မိန်းကလေး
==================
ကျွန်မက မိန်းကလေးပဲ
ကိုယ့်ချစ်သူ အပေါ်
ကလေးတစ်ယောက်လို ဆိုးနွဲ့ ချင် တာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
စိတ်ကောက် ရင် အ ချော့ခံချင် တာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
ကိုယ့်ချစ်သူ ဆီက ယုယကြင် နာမှုတွေ
မက်မော တောင့်တမိတာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
ချစ်တတ်လွန်းလို့  သဝန်တိုတတ်တာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
ကိုယ့်ချစ်သူ အတွက်
တော်ရုံကိစ္စ လေးတွေက အစ
စိုးရိမ်စိတ်နဲ့  စိတ်ပူ ပြီးပြောဆို တတ်တာ
ဘာဆန်းသလဲ
ကျွန်မက မိန်းကလေးပဲ
ပျော်ရွှင် စရာ စိတ်ညစ်စရာ တွေအားလုံး
ကိုယ့်ချစ်သူကို ပဲ ရင် ဖွင့်တိုင် ပင် ချင် တာ
ဘာဆန်းသလဲ
အဲ့ဒီလို ဘာမှ မဆန်းတဲ့
မိန်းကလေး သဘာဝ ကိစ္စ လေးတွေကို
ရစ်တယ် လို့ ထင် ပြီး နားလည်မ ပေးနိုင် တဲ့
ရှင် ကမှ ဆန်း နေတာ
ကိုကို အရစ်တုံးကြီးရဲ့ 


^~La Min Lay~^

Credit to ရွှေမြန်မာများ with မောင်(စွယ်စုံကျမ်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...