Sunday, July 31, 2016

( လေးစားတယ်ဗျာ... :) :) :) )

Miss Universe Monywa ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယဉ်ပြိုင်ခိုင်း၍ ပထမနှစ်ကျောင်းသူ ပြိုင်ပွဲမှနှုတ်ထွက်
=============================================================================

မုံရွာ၊ ဇူလိုင် ၃၁။
ဟိန်းလင်းသန့်
Miss Universe Myanmar ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် Miss Universe Monywa 2016 ပြိုင်ပွဲကျင်းပရာ ရေကူးဝတ်စုံ(Swimming Dress)ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် မုံရွာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူမှာ ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။
ပြိုင်ပွဲမှ နှုတ်ထွက်သော ဓာတုဗေဒအထူးပြု ပထမနှစ်ကျောင်းသူမှာ မုံရွာအလှမယ် ပြိုင်ပွဲတွင် ခါးနံပတ် ၄ ဖြင့်ဝင်ရာက်ယှဉ်ပြိုင်ရန် စီစဉ်ထားသူဖြစ်ပြီး ၄င်းသည် ပြိုင်ပွဲမတိုင်ခင် ၂ရက်အလို၌ နှုတ်ထွက်သွားခြင်းဖြစ်ကြောင်း၊ ၄င်း၏ အဆောင်သို့ ဖခင်ကိုယ်တိုင်လာခေါ်ပြီး ကျောင်းမှလည်း ခေတ္တ နားခိုင်းမည်ဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။
အလှမယ် ပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက လျော်ကြေး သိန်း (၂၀) ပေးရန်မည်ဟု ကတိစာချုပ်ထားရှိသော်လည်း ဖခင်မှ လက်မှတ်ထိုးမထားသဖြင့် လျော်ကြေးမပေးနိုင်ကြောင်း သိရသည်။
Miss Universe Monywa အတွက် City Director မနန်းမြင့်မြင့်အောင်က "အမှန်တော့ သိန်း ၂၀ လိုချင်လို့ စာချုပ်ချုပ်တာ မဟုတ်ပါဘူး။ တကယ်လိုချင်ရင် ရှေ့နေတွေနဲ့ တံဆိပ်ခေါင်းတွေနဲ့ လုပ်မှာပေါ့။ ပြိုင်ပွဲကို ပြိုင်စေချင်တာပါ။ ခုဆို သူနဲ့ ပတ်သက်ပြီး ရိုက်ထားတာတွေကို ပြိုင်ပွဲမှာပြဖို့ စီစဉ်ထားတွေကို edit ပြန်လုပ်ရတယ်။ ပြီးတော့ ပြိုင်ပွဲစပွန်ဆာတွေပေးထားတာတွေလည်း သူက အကုန်ယူပြီးပြီ။ ပြိုင်ပွဲမှာ ၀တ်စုံ လးမျိုးနဲ့ ပြိုင်ရမယ်ဆိုတာ အစောကြီးကတည်းက မယ်အားလုံးကို ပြောထား သဘောတူထားပါတယ်။မိဘခွင့်ပြုချက်လတ်မှတ်လည်း ပြိုင်ပွဲစပြိုင်မယ်ဆိုကတည်းက သဘောတူကြောင်း ထိုးခိုင်းထားပါတယ်။ လက်မှတ်တကယ် ထိုးလား မထိုးလားဆိုတာ ကာယကံရှင်ပဲသိမှာပါ။ တက္ကသိုလ်ထဲမှာလည်း တာဝန်ရှိသူတွေကို ပြောပြီးပြိုင်ပွဲဝင်ဖို့ ကြေညာဆိုင်းဘုတ် ထောင်တာပါ။ ဒီပြိုင်ပွဲမှာ အခုလို ရေကူးဝတ်စုံထည့်ပြိုင်စေတာက ဒီက Missတွေ နိုင်ငံတကာကို သွားရင် အတွေ့အကြုံရအောင်ပါ"ဟု ရှင်းလင်းပြောဆိုသည်။
ယမန်နှစ်က Miss Universe Monywaပြိုင်ပွဲတွင် Short Dress ဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး Swimming Dressကို ယခုနှစ်မှ ထည့်သွင်းယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။
မုံရွာအလှမယ်ပြိုင်ပွဲကို ဇူလိုင် ၃၀ရက်နေ့က ပြိုင်ပွဲဝင် ၁၉ ဦးဖြင့် ယှဉ်ပြိုင်စေခဲ့ကာ ခါးနံပတ် ၁၄ ချောနန္ဒာမောင်မှ သရဖူဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ရေကူးဝတ်စုံဝတ် မယှဉ်ပြိုင်လိုသဖြင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့် အလှမယ်အား အသေးစိတ် မေးမြန်းနိုင်ရန် ၄င်း၏ ဖုန်းအား ဆက်သွယ်သော်လည်း ဖုန်းဝင်၍ လက်ခံ စကားပြောခြင်း မရှိသောကြောင့် သတင်းမေးမြန်းခွင့် မရခဲ့ပေ။


ဓာတ်ပုံ-ဟိန်းလင်းသန့်
CentralNewsMyanmar
Posted By : အိုင်တီ



Tuesday, July 26, 2016

သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ဘူးဆိုတာ သေချာစေတဲ့အချက် (၉) ချက်
=======================================================


လူတိုင်းလိုလိုချမ်းသာချင်ကြပါတယ်။ ချမ်းသာအောင်လည်း အချိန်တိုင်းကြိုးစားနေကြပါတယ်။ ဒါပေမယ့် ဘာလို့ လူတိုင်းမချမ်းသာတာလဲ။ အချို့ကတော့ ဘဝပေးကုသိုလ်ဆိုပြီးပြောကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့မဟုတ် ပါဘူး။ မချမ်းသာရခြင်း အကြောင်းအရင်းကတော့ အခြေခံလိုအပ်ချက် လေးတွေကိုတောင် မပြုပြင်နိုင်လို့ပါ။ အောက် မှာပါ အချက်တွေထဲက တစ်ချက်ချက်ကို သင်လုပ်နေပြီဆိုရင်တော့ သင်ချမ်းသာဖို့ဆိုတာ အတော်လေးကိုဖြစ်နိုင်ချေ နည်းသွားပါပြီ။

(၁)သင်ဟာ ပိုက်ဆံ စုခြင်းကို အရမ်းဝါသနာပါပြီး ပိုက်ဆံပိုမရှာနိုင်ဘူး။

ပိုက်ဆံ စုခြင်းက ချမ်းသာဖို့ကြိုးစားတဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် ပိုက်ဆံစုတာချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။ စုတာကိုပဲ အာရုံစိုက်နေရင် သင်လက်ရှိရနေတဲ့ ပိုက်ဆံထက်ဘယ်လို ထပ်ရှာရမလဲကို သင်စိတ်မဝင်စား နိုင်တော့ပါဘူး။ အကယ်၍ ချမ်းသာတဲ့သူတွေလိုတွေးမယ်ဆိုရင် သင်ပိုက်ဆံကုန်သွားမှာကို စိတ်မပူသင့်တော့ပါဘူး။ ပိုက်ဆံပိုရှာနိုင်အောင်ပဲ ဂရုစိုက်သင့်ပါတယ်။

(၂) သင်ရင်းနှီးမြုပ်နှံခြင်းမလုပ်သေးဘူး။

ပျမ်းမျှအားဖြင့် ချမ်းသာသူတွေဟာ သူတို့ဝင်ငွေရဲ့ ၂၀%ကိုပြန်လည်ရင်းနှီးမြုပ်နှံပါတယ်။ တကယ်တော့ ဘဝမှာ စောစောရင်းနှီးမြုပ်နှံနိုင်လေ ကောင်းလေလေပါပဲ။ အများကြီးမရင်းနှီးနိုင်ရင်တောင် ဖြေးဖြေးချင်းကစလို့ရပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုခုပေါ်မှာ ရင်းနှီးမမြပ်နှံနိုင်သေးရင် သင့်ကိုယ်သင်တိုးတက်အောင် အရင်ရင်းနှီး မြုပ်နှံပါ။ လစာထဲက အနည်းငယ်ကိုဖယ်ပြီး သင့်အရည်အချင်းတွေ တိုးတက်အောင် ပြုလုပ်တဲ့နေရာမှာ သုံးစွဲပါ။

(၃) တည်ငြိမ်တဲ့လစာဝင်ငွေပေါ်မှာ သင်သာယာနေတယ်။

သာမန်လူတော်တော်များများဟာ သူတို့ရဲ့အချိန်အတွက် ငွေပေးချေခြင်းကို ခံယူလိုလေ့ရှိပါတယ်။ ဥပမာ တစ်လ ကို ဘယ်လောက်၊ တစ်ပတ်ကိုဘယ်လောက်၊တစ်နာရီကိုဘယ်လောက်စသဖြင့်ပေါ့။ ဒါပေမယ့် ချမ်းသာသူတွေက တော့ ဖြစ်ပေါ်လာတဲ့ရလဒ်ပေါ်မူတည်ပြီး ပိုက်ဆံ ရှာပါတယ်။ များသောအားဖြင့် သူများဆီမှာလည်း အလုပ်လုပ် လေ့မရှိပါဘူး။ သူတို့က Self-employedလို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ်အလုပ်ပြန်ခန့်ထားတာမျိုးပဲလုပ်ပါတယ်။ လစာအပေါ်သာယာနေခြင်းဟာ ချမ်းသာခြင်းဆီကိုသွားရာမှာ နှောင့်နှေးစေပါတယ်။

(၄) သင်ကသင်မတတ်နိုင်တဲ့ပစ္စည်းတွေဝယ်လေ့ရှိတယ်။

သင့်ရဲ့လိုအပ်ချက်တိုင်းကို လိုက်လံဖြည့်ဆည်းနေရင် သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါဘူး။ အကယ်၍ ပုံမှန်ထက် ဝင်ငွေတိုးတက်လာရင် သင့်ကိုယ်သင် ပိုမိုကောင်းမွန်တဲ့ Lifestyleတစ်ခုကို မပြောင်းလိုက်ပါနဲ့အုံး။ ဒါဟာ ခက်ခဲတဲ့ အချက်ဖြစ်ပြီးတော်တော်များများမလုပ်နိုင်ပါဘူး။ သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်တဲ့ Grant Cardone ကရင်းနှီး မြုပ်နှံမှုတွေက ဝင်ငွေသေသေချာချာမဝင်သေးပဲနဲ့ ကျွန်တော်ကား အကောင်းစားမပြောနဲ့ နာရီအကောင်းစားတောင် မဝယ်ခဲ့ပါဘူး”လို့ဆိုခဲ့ပါတယ်။ သင်လည်း လစာတိုးတာနဲ့ iPhoneကောက်ပြီး မဝယ်ပါနဲ့အုံး။

(၅) သင်ဟာ သင့်အိမ်မက်နောက်ကိုလိုက်ရဲတဲ့ သတ္တိမရှိဘူး။

အကယ်၍ ဘဝမှာ အောင်မြင်ချင်ရင် မိမိလုပ်နေတာကို အရင်ဆုံး ချစ်မြတ်နိုးဖို့လိုပါတယ်။ ဒါ့ကြောင့် သင်ဘာကိုချစ် မြတ်နိုးတယ်ဆိုတာလည်း သိဖို့လိုသလို အိမ်မက်တွေနောက်ကို လိုက်ရဲတဲ့ သတ္တိလည်းရှိဖို့လိုပါတယ်။ ဒါပေမယ့် လူ တော်တော်များများကတော့ မိဘရဲ့ရည်မှန်း ချက်နောက်ကိုလိုက်နေ တာများပါတယ်။

(၆) သင်ဟာ Comfort Zoneထဲက မထွက်ရဲဘူး။

ကိုယ်ပိုင်စီးပွားရေးလုပ်ရင် လက်ရှိဝင်နေတဲ့ လစာလေး မဝင်တော့မှာ စိုးရိမ်ကြတာများပါတယ်။ ဒီလိုနဲ့ သူများအိမ် မက်တွေကိုပုံဖော်ပေးရင်းနဲ့ပဲ သင့်ဘဝကုန်ဆုံးသွားပါလိမ့်မယ်။ အကယ်၍ ဘဝမှာချမ်းသာချင်ရင် စွန့်စားရဲတဲ့သတ္တိ ရှိရပါတယ်။ သက်တောင်သက်သာ ရှိတဲ့နေရာမှာပဲ နေထိုင်နေရုံနဲ့တော့ မချမ်းသာလာပါဘူး။

(၇) သင့်ပိုက်ဆံတွေကို ဘယ်လိုအသုံးချမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး။

အကယ်၍ ချမ်းသာချင်တယ်ဆိုရင် ပိုက်ဆံ ကို ဘယ်လိုအကျိုးရှိရှိအသုံးချရမယ်ဆိုတာ သိဖို့လိုပါတယ်။ သင်ရလာတဲ့ ဝင်ငွေကို ဘယ်နေရာတွေမှာသုံးမယ်။ ဘယ်လောက်ကိုစုမယ်၊ ဘယ်လောက်ကိုရင်းနှီးမြုပ်နှံရမှာသုံးမယ် စသဖြင့်သေ သေချာချာသိဖို့လိုပါတယ်။

(၈) သင်ကသုံးလို့ပိုတာကိုစုတယ်။

သင်က လစာရတာနဲ့ ဘာတွေသုံးရမလဲ စစဉ်းစားပါတယ်။ ပြီးမှလကုန်လို့ ကျန်တာကိုစုတယ်ဆိုရင်တော့ သေချာပါ တယ်။ သင့်မှာ ဘာမှကျန်မှာမဟုတ်ပါဘူး။ ကျန်လည်း နည်းနည်းပါပဲ။ တကယ်တော့ အရင်စုပြီးမှ ပိုတာကို သုံးရမှာ ပါ။ ဝင်ငွေ၁၀%ကိုဖြစ်ဖြစ်စုပါ။ ပြီးမှပိုတာကို ဘာတွေသုံးမလဲ စဉ်းစားပါ။

(၉) သင်ကချမ်းသာခြင်းဆိုတာ မဖြစ်နိုင်ပါဘူးလို့ထင်နေတယ်။

လူတော်တော်များများက ချမ်းသာခြင်းဆိုတာ ကံကောင်းတဲ့သူတွေဆီကိုပဲ ရောက်ရှိလေ့ရှိတဲ့အရာလို့ ခံယူထားပါ တယ်။ ဒါ့ကြောင့်လည်း အဲ့ဒိလူတော်တော်များများက ဘယ်တော့မှ မချမ်းသာပါဘူး။ မိမိကိုယ်ကိုမှ မယုံရင် ဘာမှ လုပ်လို့မရပါဘူး။ ကြိုးစားသူတိုင်း အတွက်နေရာ ရှိပါတယ်။ သင့်အတွက်လည်းနေရာရှိပါတယ်။

အကယ်၍ အထက်ပါအချက်တွေထဲက တစ်ချက်ချက် သင့်မှာရှိနေပြီဆိုရင်တော့ သင်ပြင်ဆင်သင့်ပါပြီ။အကယ်၍ ချမ်းသာချင်တယ်ဆိုရင်ပေါ့။

Ref : မိုးရှင်း (I.M.T)
Photo Credit : gettyimages
Posted By : အိုင်တီ

Monday, July 18, 2016

မိမိအိမ်တွင်လာဘ်တိတ်စေသောအချက်များ
===============================

လူတိုင်း အိမ်တိုင်းတွင် မင်္ဂလာရှိအောင် လုပ်ချင်ကြမှာပဲ။ တချို့အချက်တွေကြောင့် အိမ်လာဘ်တိတ် စေပါတယ်။ ထို့ကြောင့် မိမိအိမှ်ာ လာဘ်တိတ်စေသော အချက်များကို ဖော်ပြပေးလိုက်ပါသည်..........
၁။မီးဖိုအားစလောင်းဖုံအုပ်ခြင်း
၂။အိမ်ထောင်ဦးစီးလင်ယောကျာ်းအားနိမ့်ကျသောနေရာတွင်ထားခြင်း
၃။မိမိဇနီးသည်အားညာဖက်တွင်အိပ်စေခြင်း
၎။စားသောက်သောအိုးခွက်ပုဂံများအားလွှင့်ပစ်ခြင်း
၅။ထမင်းဟင်းချက်ရင်းသီချင်းဆိုခြင်း
၆။နေဝင်ခါစအချိန်တွင်အိပ်စက်ခြင်း
၇။နေဝင်မိုးချုပ်လေချွန်ခြင်း
၈။နေမထွက်ခင်ကြွေးပေးကြွေးယူကြွေးတောင်းခံရခြင်း
၉။နေဝင်နေထွက်ချိန်သန်းရှာခြင်း
၁၀။နေဝင်နေထွက်ချိန်ကလေးများအားရိုက်ခြင်း
၁၁။နေမွန်းတည့်ချိန်တရိစ္ဆာန်များအားသက်ဖြတ်ခြင်း
၁၂။နေဝင်နေထွက်ချိန်တွင်ကျိန်စာတိုက်ခြင်း
၁၃။အမျိုးသမီးများမိုးချုပ်ချိန်ဆံပင်ဖားလျားဖြင့်အပြင်သို့သွားခြင်း
၁၄။အမျိုးသမီးများ၏မသန့်ရှင်းသောပစ္စည်းများအိမ်းဦးခန်းတွင်ထားခြင်းစွန့်ပစ်ခြင်း
၁၅။မိမိဝတ်သောပုဆိုး ထမိန်ဖြင့်မျက်နှာသုပ်ခြင်း
၁၆။အိမ်အပေါက်အားနောက်ပြန်ဝင်ခြင်း
၁၇။မျက်နှာမသစ်ပဲအစားစားခြင်း
၁၈။မိမိ၏ခန္ဓာကိုယ်မှအမွှေးအမျှင်နှင့်မသန့်ရှင်းသေားပစ္စည်းများအိမ်အတွင်းစွန့်ပစ်ခြင်း
၁၉။သောက်ရေအိုးရေမရှိပဲခြောက်နေခြင်း
၂၀။သောက်ရေအိုးမှရေကိုထမင်းဟင်းချက်ရာတွင်သုံးခြင်း
၂၁။လင်သားအားစိတ်ဆိုး၍ကျောခိုင်းအိပ်ခြင်း
၂၂။သားသမီးဇနီးကိုလင်သားကငွေသို့မဟုတ်အစားအစာပစ်ပေးခြင်း
၂၃။အဝတ်အစားမျိားပြောင်းပြန်ဝတ်ခြင်း
၂၄။အိမ်အပေါက်အားကျောခိုင်းထိုင်ခြင်း
၂၅။ထမင်းစားရင်းအိပ်ငိုက်ခြင်း
၂၆။ထမင်းရည်ပူအားမြေကြီးပေါ်သို့တိုက်ရိုက်ငှဲ့ခြင်း
၂၇။အိမ်၏မျက်နှာစာတွင်ကလေးငယ်ကိုအပေါ့အလေးစွန့်ခိုင်းခြင်း
၂၈။မိမိအိမ်သို့လာသောတောင်းစားသူများအားဆဲဆိုလွှတ်ခြင်း
၂၉။အိမ်သာတက်ရင်းအစာစားခြင်း
၃၀။စားသောက်ပြီးအိုးခွက်ပုဂံများကိုအချိန်ကြာမြင့်စွာမဆေးပဲထားခြင်း
၃၁။အိုခွက်ပုဂံများကိုတီး၍သီချင်းဆိုခြင်း
၃၂။အိမ်ရှေ့တည့်တည့်တွင်ထမိန်စကတ်များကိုလှနိးခြင်းချွတ်ထားခြင်း
၃၃။မိမိအိမ်တွင်မွေးမြူထားသောတိရိစ္ဆာန်များအားအစာမကျွေးပဲလှောင်ထားခြင်းရိုက်နှက်ခြင်း 

Ref : ဥယျာဉ်မှူးဧ။် ပန်းပျိုးလက်
Credit: Wai PhyoePhoto
Posted By : အိုင်တီ









Tuesday, July 12, 2016

မှန်ခွဲ သတင်း
==========

မနေ့ညက မန်းလေးမှာ ကား တော်တော်များများ
(ကျွန်တော်သိတာတော့ ကျွန်တော်တို့ ပန်းပျိုးသူ က ညီလေး Vicky Kedia ရဲ့Honda fit အပါအဝင် ၃စီးပေါ့)
နောက် မှန်တွေ ကို ခဲနဲ့ထုခွဲပြီး ဆိုင်ကယ် နဲ့ ထွက်ပြေးသွားတဲ့ အဖွဲ့ကိုမိလို့ စစ်တော့
သူတို့ ပြိုင်ပွဲလုပ်နေတာတဲ့
ငါက ဘယ်နှစ်စီးခွဲနိုင်တယ် မင်းက ဘယ်နှစ်စီးလဲ ဆိုပီးတော့ ..ခွဲတာပါတဲ့
.ဆက်တိုက် လိုက်ခွဲသွားတာ စည်ပင်ရုံးအရှေ့က ကားက ပိုဆိုးတယ် အနောက်ခွဲတာ အရှိန်ပျင်းတော့ အရှေ့မှန်ပါ ကွဲသွားတယ် လို့ ညီလေးဗစ်ကီ ကပြောလို့သိရပါတယ်။
မန္တလေးမှာ ဒီလိုအဖြစ်တွေအပြင် နေ့ခင်ကြောင်တောင် မှာကို ဆိုင်ကယ် နဲ့ လုယက်မှုတွေ များလာနေပြီ တာဝန်ရှိသူတွေ အဖြေရှာပေးဖို့လိုနေပါပြီ။
အဆုံးထိလိုက်ရင် မိသားစု စားဝတ်နေရေး မပြေလည်တာထက် ကလေးတွေ မူးယစ်ဆေးဝါးကြောင့် ဖြစ်တာပိုများနေပါတယ်။
လမ်းတိုင်း CCTV တပ်ပြီးစောင့်ကြည့်ဖမ်းမလား မူးယစ်ဆေးဝါး ကို ထိထိရောက်ရောက် နှိမ်နှင်းမလားပေါ့
ကျွန်တော့်အမြင်ကတော့ အဓိက ကျတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲ မှုကို တစ်နိုင်ငံလုံးမှာ ထိထိရောက်ရောက် တိုက်ဖျက်ဖို့ လိုနေပြီလို့ထင်ပါတယ်။
မိတ်ဆွေတို့လည်း ကိုယ့်မြို့ရွာ ကိုယ့် ပတ်ဝန်းကျင် ဘေးကင်းလုံခြုံစေဖို့ ဘယ်လိုမြင်တယ် ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အကြံလေးတွေ ပေးကြည့်ပါလား။
အားလုံးကျန်းမာချမ်းသာ ဘေးရန်ကင်းကြပါစေဗျာ။

မေတ္တာဖြင့် မျိုးကြီး
Credit: မြန်မာ့သတင်းထူးသတင်းဦးများ - Myanmar Update News Agency
Posted By : အိုင်တီ








Monday, July 11, 2016

မိုးယုစံရဲ့ မွေးနေ့ပွဲမှ ဓါတ်ပုံများ ( Moe Yu San Birthday Dinner Album photos.Happy Birthday Moe Yu San. ) 
===============================================================================

Happy Birthday and Marriage Proposal Party of Moe Yu San
သရုပ်ဆောင်မိုးယုစံ က ၎င်း၏မွေးနေ့ပွဲနှင့်အတူ ဝါကျွတ်ကာလတွင်ပြုလုပ်မည့် မင်္ဂလာပွဲများအကြောင်းကို ဇူလိုင် ၁၁ ရက်ညက ဆူးလေရှန်ဂရီလာဟိုတယ်၌ အသိပေးပြောကြားခဲ့သည်။

Credit: PAPAWADY
Posted By : အိုင်တီ

























အီဒါ ရဲ့အနိုင်ဂိုးနဲ့အတူ ယူရိုဖလားကို ပထမဆုံးအကြိမ် ရယူခဲ့တဲ့ ပေါ်တူဂီ
=====================================================

ယူရို-၂၀၁၆ဗိုလ်လုပွဲအဖြစ် အိမ်ရှင်ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်က
စားခဲ့ရာမှာတော့ ပေါ်တူဂီအသင်းဟာ တိုက်စစ်မှူး အီဒါရဲ့ အနိုင်ဂိုးနဲ့အတူ အိမ်ရှင်ကို အနိုင်ယူပြီး ပထမဆုံး ယူရိုဖလားကို ရယူခဲ့ပါတယ်။
အခုပွဲမှာ ခြေစွမ်းပိုင်းအရ ပြင်သစ် အသာရခဲ့ပေမယ့် ကံကြမ္မာပိုင်းမှာတော့ ပေါ်
တူဂီက ပိုသာခဲ့ပါတယ်။ ပထမပိုင်း(၁၀)မိနစ်လောက်မှာပဲ ပေါ်တူဂီအသင်းရဲ့ အဓိက ကစားသမား စီရော်နယ်လ်ဒို ပါယက်ရဲ့ကြမ်းတမ်းတဲ့ကစားပုံကြောင့် ဒဏ်ရာရရှိခဲ့ပြီး မိနစ်အနည်းငယ်ကြာမှာ ကွာရက်စ်မာနဲ့ လူစားလဲခံခဲ့ရသလို စီရော်နယ်လ်ဒိုလည်း မျက်ရည်လည်ရွှဲနဲ့ ထွက်သွားခဲ့ရတယ်။ ဒီပွဲမှာ ပြင်သစ်
ကွင်းလယ်လူ ဆစ်ဆိုကို မထင်မှတ်လောက်အောင် ခြေစွမ်းပြသွားခဲ့ပြီး တစ်ဦး
ချင်းကျော်ဖြတ်မှုတွေအပြင် အပိုင်ကန်သွင်းမှုတွေလုပ်ခဲ့ပေမယ့် ပေါ်တူဂီ ဂိုးသမား ပက်ထရူစီယို ကာကွယ်နိုင်ခဲ့တယ်။
ပေါ်တူဂီအသင်းဘက်မှာလည်း ဂိုးသမား ပက်ထရူစီယို အကောင်းဆုံးလက်စွမ်း
ပြခဲ့ပြီး သူသာ မကာကွယ်နိုင်ခဲ့ရင် ပြင်သစ်က အနည်းဆုံး(၃)ဂိုးလောက်ပြတ် သွားနိုင်တဲ့အနေအထားပါ။ ဒုတိယပိုင်းမှာ ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်း
တို့စ်က လူစားပြောင်းလဲမှုတွေလုပ်ခဲ့ပြီး ခြေစွမ်းမပြနိုင်တဲ့ အက်ဒရီယန်ဆေးလ်
ဗားအစား မော်တင်ဟို၊ ရီနာတိုဆန်းချက်စ်အစား အီဒါတို့ကို ထည့်သွင်းခဲ့တဲ့
နောက်ပိုင်း ပေါ်တူဂီအသင်းရဲ့ တန်ပြန်တိုက်စစ်ကစားပုံက ပီပြင်လာခဲ့တယ်။
အထူးသဖြင့် တိုက်စစ်မှူးအီဒါရဲ့ အတိုးအလှုပ်တွေကြောင့် ပြင်သစ်နောက်ခံလူ
တွေ အလုပ်ရှုပ်စေခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ပြင်သစ်အသင်းကို
အဆုံးအဖြတ်ဖြစ်စေတဲ့အခိုက်အတန့်ကတော့ လူစားဝင်လာတဲ့ တိုက်စစ်မှူး
ဂစ်နက် ပွဲပြီးခါနီးလောက်မှာ အပိုင်ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်သွားတာပဲ
ဖြစ်ပါတယ်။ ပွဲချိန်ပြည့်လို့ အချိန်ပိုဆက်လက်ကစားခဲ့တာမှာတော့ (၁၀၉)မိနစ်
မှာ ပေါ်တူဂီတိုက်စစ်မှူး အီဒါက ဂိုးဧရိယာထိပ်နားလောက်ကနေ အပြင်းကန်
သွင်းပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တယ်။
လက်ကျန်မိနစ်တွေမှာ ပေါ်တူဂီအသင်းက ထိန်းကစားသွားခဲ့ပြီး ပြင်သစ်အ သင်းအနေနဲ့ တိုက်စစ်ကို ဖွင့်ကစားသင့်ပေမယ့် ပုံမှန်အတိုင်းသာ ထိုးဖောက်
နေတာကြောင့် ချေပဂိုးမသွင်းနိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ပေါ်တူဂီအသင်းဟာ ပြင်သစ်အသင်းကို နောက်ဆုံး(၁၀)ပွဲဆက်
ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပြီး စီရော်နယ်လ်ဒိုကလည်း သူ့ရဲ့
အဓိက ပြိုင်ဘက် မက်ဆီကို ဆုဖလားမှတ်တမ်းမှာ အသာရယူနိုင်ခဲ့ပါပြီ။


Photo: AFP
Posted By : အိုင်တီ




 

Friday, July 8, 2016

မဘသ မလိုအပ်ကြောင်း ၀န်ကြီးချုပ်၏ပြောဆိုမှု့အတွက် ၁၄ ရက်နေ့နောက်ဆုံးထား ဖြေရှင်းရန် တောင်းဆို
=============================================================================

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ မဘသ အဖွဲ့ရှိရန် မလိုအပ်ဟု ပြောဆိုခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် တာဝန်ရှိသူများက ယခုလ ၁၄ရက် နောက်ဆုံးထား ဖြေရှင်းရန် မဘသအဖွဲ့က တောင်းဆို လိုက်သည်။
ဝန်ကြီးချုပ်၏ ပြောဆိုမှုနှင့်ပတ်သက်၍ မဘသဦးဆောင်ဆရာတော်များက ဇူလိုင်လ ၇ ရက် နေ့လည်ပိုင်းတွင် အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်၌ အရေးပေါ်အစည်းဝေးတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
" နိုင်ငံတော် တာဝန်ရှိသူုတွေအနေနဲ့ယခုနှစ် ဇူလိုင်လ ၁၄ရက်နေ့နောက်ဆုံးထားပြီးတော့ တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းတိုထားပါတယ်" ဟု မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်သည်။
မဘသ အဖွဲ့ကြိးသည် ရဟန်း ပုဂ္ဂိုလ် လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော် သာသနာပြုအဖွဲ့ ဖြစ်ပြီး ဦးဖြိုးမင်းသိန်း၏ အာဏာစက်ထဲတွင် မပါဝင်ဟုလည်း ဆရာတော် ဦးဝီရသူက မိန့်သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က သူ၏ စင်္ကပူနိုင်ငံ ခရီးစဉ်အတွင်း ဇူလိုင်လ ၃ရက်နေ့တွင် မြန်မာနိုင်ငံ၌ သံဃာ့မဟာနာယက (မဟန)ရှိပြီးဖြစ်၍ မဘသအဖွဲ့ ရှိရန်မလိုအပ်ကြောင်းပြေားကြားခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ၆ရက် ညနေပိုင်းကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းမီဒီယာများကို ယင်းကဲ့သို့ ထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပြောဆိုမှုနှင့်ပတ်သက်၍ မဘသ ဗဟို ဥက္ကဋ္ဌ အင်းစိန်ရွာမ ပရိယတ္တိ ဆရာတော် ဘဒန္တတိလောက ဘိဝံသကလည်း တစ်ဦးချင်း ပုတ်ခတ်ပါ တစ်ဦးချင်းဖြေရှင်းရမည် ဖြစ်ပြီး ပါတီတစ်ခုလုံးက ပုတ်ခတ်ပါက ပါတီတစ်ခုလုံးက ဖြေရှင်းရမည်ဟု မိန့်ကြားခဲ့သည်။
မဘသအဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အပိုဒ် ဂ အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်နှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့် အညီ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်းလည်း တုန့်ပြန်ခဲ့သည်။
ဝန်ကြီးချုပ်၏ ပြောဆိုမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးထံ မေတ္တာရပ်ခံစာ ပေးပိုးထားပြီး ဖြေရှင်းမပေးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြသွားမည်ဟုလည်း ဆရာတော် ဦးဝီရသူက မိန့်ကြားသွားသည်။
ထို့ပြင် မဘသအဖွဲ့အား ဖျက်သိမ်းပစ်လိုပါက သန္တိသုခုကျောင်းသို့ ၀င်စီးသကဲ့သို့ဝင်စီးမှသာ ရမည်ဟုလည်း ဆရာတော်က မိန့်သည်။

Credit: mizzima
Posted By : အိုင်တီ


Related Posts Plugin for WordPress, Blogger...