Sunday, July 31, 2016

( လေးစားတယ်ဗျာ... :) :) :) )

Miss Universe Monywa ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယဉ်ပြိုင်ခိုင်း၍ ပထမနှစ်ကျောင်းသူ ပြိုင်ပွဲမှနှုတ်ထွက်
=============================================================================

မုံရွာ၊ ဇူလိုင် ၃၁။
ဟိန်းလင်းသန့်
Miss Universe Myanmar ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် Miss Universe Monywa 2016 ပြိုင်ပွဲကျင်းပရာ ရေကူးဝတ်စုံ(Swimming Dress)ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် မုံရွာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူမှာ ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။
ပြိုင်ပွဲမှ နှုတ်ထွက်သော ဓာတုဗေဒအထူးပြု ပထမနှစ်ကျောင်းသူမှာ မုံရွာအလှမယ် ပြိုင်ပွဲတွင် ခါးနံပတ် ၄ ဖြင့်ဝင်ရာက်ယှဉ်ပြိုင်ရန် စီစဉ်ထားသူဖြစ်ပြီး ၄င်းသည် ပြိုင်ပွဲမတိုင်ခင် ၂ရက်အလို၌ နှုတ်ထွက်သွားခြင်းဖြစ်ကြောင်း၊ ၄င်း၏ အဆောင်သို့ ဖခင်ကိုယ်တိုင်လာခေါ်ပြီး ကျောင်းမှလည်း ခေတ္တ နားခိုင်းမည်ဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။
အလှမယ် ပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက လျော်ကြေး သိန်း (၂၀) ပေးရန်မည်ဟု ကတိစာချုပ်ထားရှိသော်လည်း ဖခင်မှ လက်မှတ်ထိုးမထားသဖြင့် လျော်ကြေးမပေးနိုင်ကြောင်း သိရသည်။
Miss Universe Monywa အတွက် City Director မနန်းမြင့်မြင့်အောင်က "အမှန်တော့ သိန်း ၂၀ လိုချင်လို့ စာချုပ်ချုပ်တာ မဟုတ်ပါဘူး။ တကယ်လိုချင်ရင် ရှေ့နေတွေနဲ့ တံဆိပ်ခေါင်းတွေနဲ့ လုပ်မှာပေါ့။ ပြိုင်ပွဲကို ပြိုင်စေချင်တာပါ။ ခုဆို သူနဲ့ ပတ်သက်ပြီး ရိုက်ထားတာတွေကို ပြိုင်ပွဲမှာပြဖို့ စီစဉ်ထားတွေကို edit ပြန်လုပ်ရတယ်။ ပြီးတော့ ပြိုင်ပွဲစပွန်ဆာတွေပေးထားတာတွေလည်း သူက အကုန်ယူပြီးပြီ။ ပြိုင်ပွဲမှာ ၀တ်စုံ လးမျိုးနဲ့ ပြိုင်ရမယ်ဆိုတာ အစောကြီးကတည်းက မယ်အားလုံးကို ပြောထား သဘောတူထားပါတယ်။မိဘခွင့်ပြုချက်လတ်မှတ်လည်း ပြိုင်ပွဲစပြိုင်မယ်ဆိုကတည်းက သဘောတူကြောင်း ထိုးခိုင်းထားပါတယ်။ လက်မှတ်တကယ် ထိုးလား မထိုးလားဆိုတာ ကာယကံရှင်ပဲသိမှာပါ။ တက္ကသိုလ်ထဲမှာလည်း တာဝန်ရှိသူတွေကို ပြောပြီးပြိုင်ပွဲဝင်ဖို့ ကြေညာဆိုင်းဘုတ် ထောင်တာပါ။ ဒီပြိုင်ပွဲမှာ အခုလို ရေကူးဝတ်စုံထည့်ပြိုင်စေတာက ဒီက Missတွေ နိုင်ငံတကာကို သွားရင် အတွေ့အကြုံရအောင်ပါ"ဟု ရှင်းလင်းပြောဆိုသည်။
ယမန်နှစ်က Miss Universe Monywaပြိုင်ပွဲတွင် Short Dress ဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး Swimming Dressကို ယခုနှစ်မှ ထည့်သွင်းယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။
မုံရွာအလှမယ်ပြိုင်ပွဲကို ဇူလိုင် ၃၀ရက်နေ့က ပြိုင်ပွဲဝင် ၁၉ ဦးဖြင့် ယှဉ်ပြိုင်စေခဲ့ကာ ခါးနံပတ် ၁၄ ချောနန္ဒာမောင်မှ သရဖူဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ရေကူးဝတ်စုံဝတ် မယှဉ်ပြိုင်လိုသဖြင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့် အလှမယ်အား အသေးစိတ် မေးမြန်းနိုင်ရန် ၄င်း၏ ဖုန်းအား ဆက်သွယ်သော်လည်း ဖုန်းဝင်၍ လက်ခံ စကားပြောခြင်း မရှိသောကြောင့် သတင်းမေးမြန်းခွင့် မရခဲ့ပေ။


ဓာတ်ပုံ-ဟိန်းလင်းသန့်
CentralNewsMyanmar
Posted By : အိုင်တီ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...