ရန်ကုန် - မန္တလေး လမ်းဟောင်းကို လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်မည်
=======================================================
ရန်ကုန်-မန္တလေး လမ်းဟောင်းကို BOT စနစ်ဖြင့် ၂၀၁၈ မတ်လမတိုင်မီ
လေးလမ်းသွားအဖြစ် ပြီးစီးအောင် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန
ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းတင့်က ပြောကြားသည်။
ထိုသို့ အဆင့်မြှင့်တင်မှုပြုလုပ်ရန် ပြည်တွင်းရှိ ကုမ္ပဏီခုနစ်ခုနှင့်
စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ လုပ်ငန်းများ မကြာမီစတင်မည်ဟု ဆိုသည်။
‘‘လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ဖို့အတွက် ကုမ္ပဏီတွေဘက်ကလည်း တော်တော်
တက်တက်ကြွကြွရှိတယ်။ ကုမ္ပဏီတစ်ခုကဆိုရင် ခြောက် လမ်းသွားအဖြစ် လုပ်ပေးဖို့
တောင် ဆန္ဒရှိတယ်ပြောတယ်’’ ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်မြို့မှ ပဲခူးမြို့အထိ မက်စ်ကုမ္ပဏီ၊ ပဲခူးမြို့မှ ညောင်လေးပင်မြို့
အထိ ရွှေသံလွင် ကုမ္ပဏီ၊ ညောင်လေးပင်မြို့မှ ကျောက်တံခါးမြို့အထိ Hight Star
ကုမ္ပဏီ၊ ကျောက်တံခါးမြို့မှ ဖြူးမြို့အထိ ကမ္ဘောဇဟိုင်းဝေး
ကုမ္ပဏီ၊ဖြူးမြို့မှ နေပြည်တော်အထိ Asia World ကုမ္ပဏီ၊ နေပြည်တော်မှ
မိတ္ထီလာမြို့အထိ ယုဇနကုမ္ပဏီနှင့် မိတ္ထီလာမြို့မှ မန္တလေးမြို့အထိ
သော်တာဝင်း ကုမ္ပဏီတို့က BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်များ ရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Thursday, August 18, 2016
Monday, August 1, 2016
ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို ဖြေရှင်းနည်း
=======================================================
Monday, August 1, 2016
အိမ်ထောင်စု တော်တော် များက ကတော့ ဂွမ်းစောင်ကို နေပူလှန်း လိုက်တာနဲ့ စိတ်ရှုတ်စရာ ဒီအကောင်တွေ သေဆုံးသွား မှာပဲလို့ ထင်နေကြတယ်။

ဒါပေမဲ့ နေပူထဲ လှန်းရုံနဲ့ ဒီပိုးမွှားတွေကို အမြစ်ဖြုတ် အသေ မသတ်နိုင်ပါဘူး။
မှန်ဘီလူးနဲ့ အကျယ်ချဲ့  ကြည့်လိုက်ရင် နေပူကျဲကျဲမှာ လှန်းထားတဲ့
ဂွမ်းစောင် ထဲမှာ ဒီ ပိုးမွှားတွေကို တွေ့နေ ရအုံးမှာပဲ။
နေလှန်းချင်တဲ့ ဂွမ်းစောင်၊ အင်္ကျီ ၊ အရုပ်၊ ကောဇော စသဖြင့် ကို အမဲရောင် ကျွတ်ကျွတ်အိတ်နဲ့ (အမဲရောင်နော်) အသေအချာ ထုတ်ပိုးပြီးထားပါ။
နေရောင် ပြင်းပြင်း အောက်မှာ 1-2 နာရီ ထားပါ ။
အမဲရောင်က အပူကို ပိုစုပ် ယူတဲ့ အတွက် အိတ်ထဲက ပစ္စည်းများကို အပူချိန် ပိုမြင့်စေပါတယ်။ ပိုးမွှားတွေဟာ အပူချိန် 50 ဒီဂရီ ရောက်ရင် သေဆုံး ကုန်ပါတယ်။
ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်ပေမဲ့ ၊ မှန်ဘီလူးနဲ့ နောက်ထပ်တခါ
အကျယ်ချဲ့  ကြည့်လိုက်ရင်တော့ ဒီပိုးမွှားတွေ သေဆုံးကုန်တာကို တွေ့ပါလိမ့်မယ် ။
တကယ်ကောင်းတဲ့ နည်းပါ ။
Credit Myanmar Online News
Copy အထွေထွေဗဟုသုတ
Posted By : အိုင်တီ

Subscribe to:
Posts (Atom)