Thursday, August 18, 2016

ရန်ကုန် - မန္တလေး လမ်းဟောင်းကို လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်မည်
=======================================================

ရန်ကုန်-မန္တလေး လမ်းဟောင်းကို BOT စနစ်ဖြင့် ၂၀၁၈ မတ်လမတိုင်မီ လေးလမ်းသွားအဖြစ် ပြီးစီးအောင် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းတင့်က ပြောကြားသည်။
ထိုသို့ အဆင့်မြှင့်တင်မှုပြုလုပ်ရန် ပြည်တွင်းရှိ ကုမ္ပဏီခုနစ်ခုနှင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ လုပ်ငန်းများ မကြာမီစတင်မည်ဟု ဆိုသည်။
‘‘လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ဖို့အတွက် ကုမ္ပဏီတွေဘက်ကလည်း တော်တော် တက်တက်ကြွကြွရှိတယ်။ ကုမ္ပဏီတစ်ခုကဆိုရင် ခြောက် လမ်းသွားအဖြစ် လုပ်ပေးဖို့ တောင် ဆန္ဒရှိတယ်ပြောတယ်’’ ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်မြို့မှ ပဲခူးမြို့အထိ မက်စ်ကုမ္ပဏီ၊ ပဲခူးမြို့မှ ညောင်လေးပင်မြို့
အထိ ရွှေသံလွင် ကုမ္ပဏီ၊ ညောင်လေးပင်မြို့မှ ကျောက်တံခါးမြို့အထိ Hight Star ကုမ္ပဏီ၊ ကျောက်တံခါးမြို့မှ ဖြူးမြို့အထိ ကမ္ဘောဇဟိုင်းဝေး ကုမ္ပဏီ၊ဖြူးမြို့မှ နေပြည်တော်အထိ Asia World ကုမ္ပဏီ၊ နေပြည်တော်မှ မိတ္ထီလာမြို့အထိ ယုဇနကုမ္ပဏီနှင့် မိတ္ထီလာမြို့မှ မန္တလေးမြို့အထိ
သော်တာဝင်း ကုမ္ပဏီတို့က BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်များ ရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


Credit to http://www.7daydaily.com / http://www.motors.com.mm
Posted By : အိုင်တီ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...