=====
နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်က
ငါကွာ အမေရိကား မှာ ဆို Camry ပဲစီးတာကွ ငြိမ့်တယ်လေ မောင်းလို့လဲကောင်းတယ်ကွ
ဆီလဲ မစားဘူး အင်ဂျင်က လဲသက်သာတယ်လေ လူကြိုက်များတဲ့ CAMRY က
တိုယိုတာကထုတ်တာဆိုတော့ ပြောစရာမလိုဘူးပေါ့ တကမ္ဘာလုံးလူုကြိုက်များတယ်လေ
။စကားမစပ်ကွာ အဲ့ကားလေး မြန်မပြည်သယ်လာပြီး ပြန်စီးချင်လို့ ရတယ်မလားကွ
အေးရတာပေါ့ ကွ ဒါနဲ့ မော်ဒယ်ဘယ်လောက်လဲ
၂၀၁၃ လေ ၀ယုတုန်းကတော့
အသစ်ပေါ့ကွာ ဒေါ်လာ၂၀၀၀၀ လောက်ပဲပေးရတာလေ။
အော် အေး မင်းက အဲ့ကားကို
မြန်မာပြည်သယ်လာချင်တာနော် ။
ဒါပေါ့ ကွ ဟိုမှာစီးတဲ့ကားလေး
လဲမြန်မာပြည်မှာအလုပ်လုပ်ရင်းစီးချင်တာပေါ့။
အော်အေးဒါဆိုငါပြောမယ်နော်
CAMRY ၂၀၁၃ က မြန်မာပြည်က အခွန်တစ်ခုသတ်မှတ်တယ်
မြန်မာပြည်အရောက်ပေါ့ ။ 28700$ ပေါ့။
ကာစတန်ခွန်တွေအကောက်ခွန်တွေကုန်သွယ်ခွန်တွေ
ကညနခွန်တွေပေါ့ နောက်ပြီး ဘာလား မင်းအခွန်ဆောင်ထားတာမရှိရင်
ဝင်ငွေခွန်ဆိုတာပါလာသေးတယ်။ စကားမစပ်
မင်းအိမ်ဝယ်ရင်တော့အခွန်အရင်မဆောင်ပဲဝယ်ရတယ်သိလား။ အဲ့အခွန်တွေဆောင်နေရတယ်လေ။
တွက်တာကတော့ CD 40%, CT 25%, ၀င်ငွေခွန် 15%, ကညန 80% ဆောင်ရတယ်လေ။
အော် သူငယ်ချင်းရယ် ဒါကတော့ အခွန်ပဲ
ဆောင်ရမှာပေါ့။ မင်းကလဲ ဒါများပါးပါးလေး အခွန်မဆောင်ပဲနဲ့တော့
တိုင်းပြည်တစ်ခုဘယ်တိုးတက်ပါ့မလဲကွာ။ ငါတို့ဆို တလ တလ အခွန်ဆောင်နေရတာ ဒေါ်လာ ၃၀၀၀
လောက်ဝင်ရင် ၁၅၀၀လောက်က အခွန်ထဲကိုပြန်ရောက်လို့ဒါနဲ့ အဲ့ အခွန်တွေက
ဘယ်လောက်ကျမတုန်း ကွ
သိန်း ၆၆၀ လောက်ပဲကျမှာပါကွာ ဒေါ်လာ
၅၅၀၀၀ လောက်ပေါ့။
ဖီးးးးးးးးးးး
ပါးစပ်ထဲသောက်နေတဲ့ကော်ဖီတောင်ထွေးထုတ်ပစ်တယ်
ဘာပြောတယ် ဒီ သိန်း ၂၀၀ လောက်တန်တဲ့
ကားကို အခွန် သိန်း ၆၀၀ ကျော်ပေးစီးရမယ် ကားဖိုးထည့်ဦး သိန်း ၂၀၀ ထပ်ပေါင်း
သိန်း ၉ ၀၀ လောက်ကျနေပြီ
ဟုတ်တယ်လေ မင်းပဲ အခွန်ဆောင်မယ် ဆို
.........
တော်ပါတော့ကွာ
ငါက
ထိုက်သင့်တဲ့အခွန်တော့ဆောင်ချင်တာပေါ့ ဘာလဲ အိမ်လိုမျိုး သိန်းပေါင်း
သောင်းချီဖြစ်နေတာကျတော့ အခွန်ကောက်တာ မကြားရဘူး။ ငါ့စီးနေတဲ့ကားလေး
သံယောဇဉ်ဖြစ်လို့ပါ ဆို ။ ဒါမျိုးတော့ ဘယ်တော့မှမစီးဘူးဟေ့ ......မှတ်ထား။။။။
ဒါနဲ့ ပဲဇာတ်လမ်းလေးတစ်ခုဖြစ်သွားတယ်
အခွန် အခွန် အခွန် ထိုက်သင့်တဲ့
အခွန်နှုန်းထားလေးတော့ဖြစ်သင့်တာပေါ့ ။
နောက်ဆိုဇာတ်လမ်းလေးတွေနဲ့
တင်ဆက်မှပါလေ။
မောင်သန့်ဇင် Japan
Online Car Auction - JOCA
Credit to သီရိမင်္ဂလာဈေး ကားရောင်း/ဝယ်ရေး
Posted By : အိုင်တီ
Posted By : အိုင်တီ
No comments:
Post a Comment