========================================
၁။ သိချင် တတ်ချင်စိတ်
တစ်ခုခုဆိုရင် အောင်မြင်တဲ့သူ အများစုဟာ သိချင် တတ်ချင်စိတ် ရှိကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမြဲတန်း ဖြစ်ပေါ်နေတဲ့ သိချင် တတ်ချင်စိတ်က အောင်မြင်ဖို့အတွက် များစွာ အထောက်အကူ ပြုပါလိမ့်မယ်။
၂။ ဝေဖန်မူကို ခံနိုင်တယ်
မိမိမအောင်မြင်ခင်က မိမိကိုယ် အခြားသူတွေက ဝေဖန်လိမ့်မယ်။ ကဲ့ရဲ့ လိမ့်မယ်။ အဲဒီဝေဖန်မူတွေ ကဲ့ရဲ့မူတွေကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားမှသာ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိပါလိမ့်မယ်။ အထူးသဖြင့် အောင်မြင်သွားတဲ့
သူတွေဟာ ဝေဖန် ကဲ့ရဲ့တာကို ခံနိုင်ကြပါတယ်။
၃။ မပျင်းဘူး အလုပ်မှာ ပျော်တယ်
အရမ်းပျင်းမယ် အလုပ်လုပ်ရတာ မပျော်ဘူး ဆိုရင်တော့ အောင်မြင်ဖို့ မလွယ်ကူပါ။ မိမိပျော်မယ့် အလုပ်ကို ပြောင်းပါ။ မပျင်းပါနဲ့။ အောင်မြင်သူတွေဟာ အလုပ်မှာ ပျော်ကြတယ်။ မပျင်းကြဘူး။
၎။ အချိန်ပိုနေတယ် ဆိုတာ ရှားတယ်။
အောင်မြင်သူတွေဟာ သူတို့ရဲ့ တစ်နေ့တာ ပိုင်ဆိုင်တဲ့ အချိန်တွေကို အကျိုးရှိအောင် မသုံးချကြပါတယ်။ ဒီအချက်ဟာလည်း အောင်မြင်သူတွေဆီမှာ မြင်တွေ့ရမယ့် အချက်တစ်ခုပါ။
၅။ စွန့်စားရမှာ မကြောက်ဘူး
တစ်ခုခု ဆိုရင် စွန့်စားရဲတယ်။ လုပ်ရဲတယ်။ ဒါဟာလည်း အောင်မြင်တဲ့ သူတွေ အတော်များများမှာ ရှိကြတဲ့ အချက်တွေပင် ဖြစ်ပါတယ်။
Photo Ref - Google
Credit: ကျော်လင်းနိုင် (ရိုးရာလေး)
Posted By : အိုင်တီ

No comments:
Post a Comment